၂၀၁၆ တစ်နှစ်တာအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် တစ်သန်းကျော် ၀င်ရောက်မှု ရှိ

0
289

မြန်မာပြည်မှာ ခရီးသွားပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ပြည်တွင်းဟိုတယ်နဲ့ တည်းခိုခန်းခတွေလေယာဉ်လက်မှတ်ဈေးနှုန်းတွေ ကြီးမြင့်နေပြီး စားသောက်ဆိုင်နဲ့ သန့်စင်ခန်းတွေအဆင့်မီကောင်းမွန်ဖို့နဲ့ ဝန်ဆောင်မှုတွေကောင်းမွန်အောင်စီစဉ်နိုင်ဖို့လိုတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေက တိုက်တွန်းအကြံပြု နေကြပါတယ်။

ဒါ့အပြင် ဒေသထွက်ကုန်ပစ္စည်းတွေ တန်းဖိုးမြင့် ထုတ်ကုန်အဖြစ် ရောင်းချနိုင်ရန်၊ ရက်ရှည်နေထိုင်ပြီး ငွေကြေးသုံးစွဲတဲ့ နိုင်ငံခြားသားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်နိုင်ဖို့လည်း လိုအပ်တယ်လို့ပြောပါတယ်။ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်မှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တစ်သန်းကျော်ဝင်ရောက်ခဲ့ကြတာပါ။

အဲဒီဧည့်သည်တွေထဲမှာ အာရှနိုင်ငံတွေကအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ၂ဝ၇ဝ၃၃ ဦးနဲ့ ပထမအများဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ၁၂၆၄၈၉ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ကြပါတယ်။ ဒါ့အပြင်ဂျပန်နိုင်ငံမှ ၉၅၃၉၃ ဦးနဲ့ တတိယအများဆုံးဖြစ်ပြီင်္း တောင်ကိုရီးယားနိုင်ငံ မှ ၆၃ဝ၄၉ ဦးနဲ့ စတုတ္ထအများဆုံးလာရောက်ခဲ့ ကြတာပါ။ ဒါ့အပြင် စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံနဲ့တရုတ်(တိုင်ပေ)တို့မှ လည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံတွေမှ လာရောက်ခဲ့သူအရေအတွက်မှာ အနောက် ဥရောပ နိုင်ငံတွေမှ ၁၈ဝ၇၇၇ ဦးဖြစ်ပြီး အရှေ့ဥရောပနိုင်ငံတွေမှ ၁၂၇၂၄ ဦးဖြစ်ကာ ရုရှားနိုင်ငံမှ အများဆုံးဖြစ်လာရောက်ခဲ့ကြတာပါ။ အနောက်ဥရောပနိုင်ငံတွေမှ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဆွစ်ဇာလန်တို့မှ အများဆုံး လာရောက် ခဲ့ကြသလို မြောက်အမေရိက၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှ လာရောက်မှုမှာ ကနေဒါနိုင်ငံမှ ၁၁၉၂၉ ဦး၊ အမေရိကန်နိုင်ငံမှ ၆၄၄၉၉ ဦးဖြစ်ပြီး အခြား အမေရိက နိုင်ငံတွေကလည်း လာရောက်မှုတွေရှိနေတဲ့အပြင် အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကနိုင်ငံတွေမှ လာရောက်မှုတွေ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)