မိုးကောင်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ဖမ်းဆီးရမိ

0
312

မိုးကောင်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား ကိုသက်ဆိုင်ရာကဖမ်းဆီး ရမိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၂၃ ရက်က မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက မိုးကောင်းမြို့ နယ်၊ (၈) မိုင်ကျေးရွာ၊ (၈)မိုင်လမ်းဆုံမှာ သိန်းဇော် နဲ့ ခင်မောင်ဝင်း တို့ မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီး ကို ရှာဖွေရာမှာ သိန်းဇော် မောင်းနှင်လာတဲ့ ဆိုင်ကယ်ရှေ့ဂွကြားမှာ တင်ဆောင်လာတဲ့ ပီနံအိတ်အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီမူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)