ခုံးကျော်တံတားများမှာ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးမှု ပြပွဲ ပြုလုပ်

0
262

မြန်မာနိုင်ငံဗိသုကာအသင်းကနေဦးဆောင်ပြီး ရန်ကုန်မြို့တော် ခုံးကျော်တံတားများမှာ အများပြည်သူအသုံးပြုရန်နေရာများ ဖန်တီးမှုပြပွဲကို ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်မှာ ဇန်နဝါရီ (၂၅) ရက် ဒီကနေ့ နံနက် ၉ နာရီခွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို Yangon Heritage Trust – ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ Association Of Myanmar Architects- မြန်မာနိုင်ငံဗိသုကာအသင်း-Institut Francais-ပြင်သစ်ယဉ်ကျေးမှုဌာနတို့က ပူးပေါင်းပြသခဲ့ပါတယ်။

ဒီပြပွဲမှာဆိုရင် တာမွေတံတား၊ မြေနီကုန်းတံတား၊ ရွှေဂုံတိုင်တံတား၊ လှည်းတန်းတံတား၊ ရှစ်မိုင်တံတားငါးစီးကို လှပတဲ့ဗိသုကာပညာများနဲ့ သရုဖော်ပြသထား ပါတယ်။

ဒီပြပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ဝင်ရောက်ယှဉ် ပြိုင်ကြတဲ့ အဖွဲ့ဝင်ငါးဖွဲ့ကို တစ်ဖွဲ့ ဆုကြေးငွေကျပ်ငွေ ငါးသိန်းစီကိုလည်း ဆုပေးအပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)