လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေးတစ်ဦး ထပ်မံ အသတ်ခံရ

0
259

မီဒီယာများရဲ့မေးမြန်းမှုကို ဖြေကြားခဲ့လို့ ဘင်္ဂါလီတစ်ဦးအသတ်ခံရပြီးနောက် မောင်တောခရိုင် ရေတွင်းကျွန်းကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦး ထပ်မံအသတ်ခံခဲ့ရပါတယ်။

crime

စာရေးဖြစ်သူ ရော်ဖီဆိုသူဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဗလီတက်ဖို့ အိမ်ကထွက်ခွာသွားပြီးနောက် ၀မ်းဗိုက်ထိုးသွင်း၊ လည်ပင်းလှီးဖြတ် ဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့တာပါ။ အဲဒီလိုသေဆုံးနေတာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲအချိန်မှာ သူ့ရဲ့အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ ဆော်ဒီမူလာက ၂ နာရီ တွင် ကျေးရွာစာသင်ကျောင်း အနောက်ဘက် ဦးရှည်ကျ ချောင်းအနီး ပုဇွန်ကန်ဘေးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အလောင်းကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေး အတွက် စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။