ရန်ကုန်မြို့ လှပစေဖို့ ပြန်လည်မွမ်းမံဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

0
289

ရန်ကုန်မြို့ကို လှပတင့်တယ်ရန်အတွက် ပြန်လည်မွမ်းမံဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာပြုလုပ်တဲ့ ရတနာနှင်းဆီ အဆင့်‌မြင့်‌ အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ အဲဒီလိုပြောဆိုလိုက်တာပါ။

dawsu

မြန်မာနိုင်ငံဟာ အင်မတန်လှပတယ်လို့ လူတိုင်းက ချီးမွမ်းခဲ့ကြပြီး ရန်ကုန်မြို့ဟာ တစ်ချိန်တစ်ခါတုန်းက အရှေ့တိုင်းမှာ အလှပဆုံးမြို့ဆိုပြီး ထင်ရှားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အဲဒီအလှပဆုံပုံစံမဟုတ်တော့တာကို ၀န်ခံရမှာဖြစ်ပြီး ရန်ကုန်မြို့ လှပတင့်တယ်ဖို့ အားလုံးဝိုင်းပြီး ရုန်းကန်ရမယ်လို့ ပြောဆိုခဲ့တာပါ။ ဒီလုပ်ငန်းကို ရန်ကုန်အစိုးရတစ်ခုတည်း လုပ်လို့မပြီးဘဲ ပြည်ထောင်စုအစိုးရကလည်း ၀ိုင်းဝန်းကူညီသွားမယ်လို့ ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)