မွတ်ဆလင်လေးဦးကို ထောင်ဒဏ်တစ်သက်ချမှတ်တဲ့အပေါ် တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ကန့်ကွက်

0
302

ကေအိုင်အေ အဖွဲ့နဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့အချက်နဲ့ အစ္စလာမ်ဘာသာဝင်လေးဦးကို နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်တဲ့ကိစ္စကို တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

manifesto

အစ္စလာမ်ဘာသာဝင်လေးဦးဖြစ်တဲ့ ကိုဇော်မင်းထွေး၊ ကိုမြင့်သိန်း၊ A ရာမန်၊ ကိုခင်မောင်ရွှေတို့လေးဦးဟာ အစ္စလာမ် တပ်မတော်ထူထောင်ဖို့အတွက် ကေအိုင်အေ အဖွဲ့နဲ့ဆက်သွယ်ဆွေးနွေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေး ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တာပါ။

တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ ပုဒ်မနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့ အခြားတရားခံတွေလည်းရှိခဲ့ပြီး အခု ကိစ္စမှာ သမိုင်းနဲ့ချီတဲ့ ပြစ်မှုစီရင်ထုံးတွေနဲ့မတူဘဲ တစ်သက်တစ်ကျွန်းချတာဟာ တစ်ဖက်သတ် ရန်လိုတဲ့ အပြုအမူဖြစ်တယ်လို့လည်း တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့က အဲဒီထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ချမှတ်ခံရသူ မွတ်ဆလင်လေးဦးအနေနဲ့ တရားခံအခွင့်အရေးလည်း လုံးဝမခံစားခဲ့ရဘူးလို့ အဲဒီအဖွဲ့က ဆိုပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူ လေးဦးထဲက ဦးဇော်မင်းထွေး၊ ဦးမြင့်သိန်းနဲ့ ဦး A ရာမန်တို့ဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ ဖမ်းခံခဲ့ရပြီး ဦးခင်မောင်ရွှေကို နောက်တစ်လအကြာမှာ ဖမ်းမိခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)