အဓမ္မပြုကျင့်ခံရရင် အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်

0
314

အဓမ္မပြုကျင့်ခံရမှုတွေရှိရင် ဥပဒေနဲ့အညီ အမှုဖွင့်တိုင်ကြားနိုင်ပြီး မှန်ကန်မှုရှိရင် တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

15622254_1181493488565052_9114586311356718906_n

ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး အမှန်တကယ် နစ်နာသူတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေ ပါဝင်တဲ့ မီဒီယာအဖွဲ့ဟာ မောင်တောဒေသ ပြောင်ပိုက်ကျေးရွာကိုရောက်ရှိစဉ် ပြောင်ပိုက်ကျေးရွာနေ အမျိုးသမီးတစ်ဦးနဲ့ ငါးစားကြူးကျေးရွာနေ အမျိုးသမီးတစ်ဦးတို့ကို မေးမြန်းရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို အဓမ္မပြုကျင့်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒီဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူမှုတွေ ပြုလုပ်ဖို့နဲ့ နစ်နာသူတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ အဲဒီအမျိုးသမီးနှစ်ဦးကို တာဝန် ရှိသူတွေက သွားရောက်မေးမြန်းချိန်မှာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)