မင်းကိုနိုင်ရဲ့ ကျေဇူးတင်ပါသည် စာအုပ် စတင်ဖြန့်ချိ ရောင်းချ

0
303

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်ရဲ့ ရေးသားတဲ့ ကျေဇူးတင်ပါသည် စာအုပ်ကို စတင်ဖြန့်ချိရောင်းချခဲ့ပါတယ်။

15590151_1859979807565076_782690613755978955_n

ဒီဇင်ဘာလ ၂၄ ရက်နေ့ ဒီကနေ့မှာ စတင်ဖြန့်ချိရောင်းချခဲ့တာဖြစ်ပြီး တော်ဝင်စင်တာမှာ ပရိသတ်တွေနဲ့တွေ့ဆုံကာ အမှတ်တရ လက်မှတ်ရေးထိုးတာ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ စာအုပ်ဝယ်ယူသူတွေက် အမှတ်တရလက်မှတ်ရေးထိုးပေးခြင်းအပါအ၀င် ခရစ္စမတ်လက် ဆောင်တွေကိုလည်း ပေးအပ်ခဲ့ပါ တယ်။

ရောင်းချရတဲ့ စာအုပ်တန်ဖိုး ၂၀ ရာခိုင်နှုန်းကို သုခအလင်းပညာဒါနအဖြစ် ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကောင်းကင်သစ် ပရဟိတ အနုပညာမဂ္ဂဇင်းမှာ အခန်းရေးသားခဲ့တဲ့ စာပေလက်ရာမွန်တွေကို ပြန်လည်စုစည်းပြီး လုံးချင်းအဖြစ် ထုတ်ဝေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)