မလေးရှားမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာနှစ်ဦး ထိခိုက်ဒဏ်ရာရ

0
314

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်မှာ ခရီးသယ်တင် အမြန်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

malaysia

အဲဒီယာဉ်တိုက်မှုကြောင့် စုစုပေါင်း သေဆုံးသူ ၁၄ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မြန်မာနိုင်ငံသား နှစ်ဦးလည်းပါဝင်ခဲ့တာပါ။

လက်ရှိမှာတော့ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဂျိုဟာပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး မွတ်ဒ်ရီဇယ်ဘူအန်က ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသူ စုစုပေါင်း အရေအတွက်ကတော့ ၁၆ ဦးဖြစ်ပြီး မလေးရှားရှစ်ဦး၊ စင်ကာပူ ခြောက်ဦးနဲ့ မြန်မာနှစ်ဦးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအတည်မပြုနိုင်သေးတဲ့ ဒဏ်ရာရရှိသူတစ်ဦးကိုလည်း ကယ်ဆယ် ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)