SSA (ဝမ်ဟိုင်း)အဖွဲ့ မိုင်းရှူးမြို့နယ်အတွင်း အဓမ္မ လူသစ်စုဆောင်းမှု ရှိနေ

0
304

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ SSA (ဝမ်ဟိုင်း)အဖွဲ့ဟာ မိုင်းရှူးမြို့နယ်အတွင်း အဓမ္မ လူသစ်စုဆောင်းမှုကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေရပါတယ်။

ssa

SSA(ဝမ်ဟိုင်း)အဖွဲ့ဟာ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာနဲ့ ဝမ်မိုင်ကျေးရွာတွေမှာ အဓမ္မ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် မကြာခဏ ဆက်ကြေးကောက်ခံတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

SSA (ဝမ်ဟိုင်း)အဖွဲ့ရဲ့ အဓမ္မ လူသစ်စုဆောင်းမှုနဲ့ ဆက်ကြေးကောက်ခံမှုတွေကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဒေသခံရွာတွေကနေ ပလောင်တိုင်းရင်းသား မိးသားစုလေးစု၊ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၃ ဦးတို့ နေရပ်စွန့် ထွက်ပြေးပြီး ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)