ကျောက်နီမော်က ဘင်္ဂါလီတွေကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပြီးမှတ်ပုံတင်ထုတ်ပေးတာ မတရားဘူး လို့ လွှတ်တော်ကိုယ်စားလှယ် ပြော

0
845

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ရှိသူတွေအဖြစ် စီစစ်တွေ့ရှိရတဲ့အတွက် မှတ်ပုံတင်ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အစိုးရကပြောကြောင်း လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။

သတင်းဓာတ်ပုံ မင်းမျိုးနွယ်

 

အခုလိုမျိုး ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ်မှတ်ပုံတင်တွေထုတ်ပေးချင်တယ်ဆိုရင်လည်း ဘင်္ဂါလီ အဖြစ်သာ ထုတ်ပေး ရမှာဖြစ်ပြီး ကမာန်တိုင်းရင်းသားထဲမှာ ထည့်သွင်းလိုက်တာဟာ မတရားတာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကပြောသည်။

ကမာန်တိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေဖြစ်ပြီး ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံကနေဝင်လာ သူတွေဖြစ်တဲ့အတွက် အဲဒီလူတွေကို ကမာန်လူမျိုးအမည်နဲ့ ပြောင်းလဲ ထုတ်ပေးလိုက်ခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်တွေရှိနိုင်တယ်လို့ ဦးသန်းမောင်ဦးကပြောပါတယ်။

ဒါ့အပြင် အခုလိုမျိုး ဘင်္ဂါလီ ၃၃၀၆ ဦးကို ကမာန်လူမျိုးအမည်နဲ့ မှတ်ပုံတင်တွေထုတ်ပေးတဲ့အပေါ်မှာ ပြန်လည်စိစစ်ပေးဖို့ သမ္မတရုံးနဲ့ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာတွေပို့ထားပေမယ့် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့အတွက် မှတ်ပုံတင်တွေ ထုတ်ပေးရတယ်ဆိုပြီး ကမာန်လူမျိုးထဲမှာ ထည့်သွင်း ထားမှုကိုတော့ လုံးဝလက်မခံနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)