ဆူဇူကီးဖလားမေလးရွားနဲ႔ ျမန္မာပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္း

0
767

၂၀၁၈ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲ အုပ္စု(က)ေနာက္ဆုံးပြဲအျဖစ္ ယွဥ္ၿပိဳင္ ကစားမယ့္ မေလးရွားအသင္းနဲ႔ ျမန္မာအသင္းတုိ႔ရဲ႕ နုိိ၀င္ဘာလ နံနက္ပုိင္းက မေလးရွားနုိင္ငံ ကြာလာလမ္ပူၿမိဳ႕ရွိ ဘူကစ္ဂ်ာလီကြင္းမွာ ႏွစ္ဖက္ အသင္းနည္းျပခ်ဳပ္ေတြနဲ႔ ကစားသမားေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

 

ျမန္မာအသင္းနည္းျပခ်ဳပ္ အန္ဟြမ္နီေဟးက မေလးရွားနဲ႔ ပြဲအတြက္ ကြ်န္ေတာ္တုိ႔ အားလုံးအဆင္သင့္ ျဖစ္ေနပါၿပီ၊ မေလးရွားအသင္းက နားရက္ပုိရလုိက္ေပမယ့္ ကြ်န္ေတာ့္တုိ႔အသင္းကလည္း ၿပီးခဲ့တဲ့ပြဲစဥ္ သုံးပြဲမွာ ကစားသမားေတြ အေျပာင္းအလဲလုပ္ၿပီး အနားရေအာင္ စီစဥ္ထားပါတယ္လုိ႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကစားသမားေတြကုိ စိတ္ဓာတ္ခြန္အားအျမင့္ဆုံးျဖစ္ေစဖို႔ ႀကံ႕ခုိင္မႈျပန္လည္ျပည့္၀ လာနုိင္ဖို႔ႀကိဳးစားထားေၾကာင္း ရလာဒ္ေကာင္းေတြရရွိဖုိ႔ ဆက္လက္ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း မေလးရွားအသင္းဟာ အသင္းေကာင္းတစ္သင္းျဖစ္တာေၾကာင့္ အေကာင္းဆုံးယွဥ္ၿပိဳင္ကစားသြား မွာျဖစ္ေၾကာင္း ထည့္သြငး္ေျပာၾကားခဲ့ပါတယ္။

မေလးရွားနဲ႔ျမန္မာအသင္းဟာ ဒီကေန႔ ျမန္မာစံေတာ္ခ်ိန္ ည၇နာရီမွာ မေလးရွားနုိင္ငံ ကြာလာလမ္ပူၿမိဳ႕ရွိ ဘူကစ္ဂ်ာလီကြင္းမွာယွဥ္ၿပိဳင္ ကစားသြားမွာလည္းျဖစ္ပါတယ္။ အဲဒီပြဲမတုိင္မီ ျမန္မာအသင္းကခုႏွစ္မွတ္၊ မေလးရွားအသင္းက ေျခာက္မွတ္ ရရွိထားတာျဖစ္ၿပီး ျမန္မာအသင္းအေနနဲ႔ အနိမ့္ဆုံးသေရတစ္မွတ္ရရုံနဲ႔ ဆီမီးဖုိင္နယ္ကုိ တက္ေရာက္နုိင္မွာျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဆူဇူကီးဖလားမလေးရှားနဲ့ မြန်မာပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်း

၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က)နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင် ကစားမယ့် မလေးရှားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ နိုဝင်ဘာလ နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်းမှာ နှစ်ဖက် အသင်းနည်းပြချုပ်တွေနဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းနည်းပြချုပ် အန်ဟွမ်နီဟေးက မလေးရှားနဲ့ ပွဲအတွက် ကျွန်တော်တို့ အားလုံးအဆင်သင့် ဖြစ်နေပါပြီ၊ မလေးရှားအသင်းက နားရက်ပိုရလိုက်ပေမယ့် ကျွန်တော့်တို့အသင်းကလည်း ပြီးခဲ့တဲ့ပွဲစဉ် သုံးပွဲမှာ ကစားသမားတွေ အပြောင်းအလဲလုပ်ပြီး အနားရအောင် စီစဉ်ထားပါတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကစားသမားတွေကို စိတ်ဓာတ်ခွန်အားအမြင့်ဆုံးဖြစ်စေဖို့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝ လာနိုင်ဖို့ကြိုးစားထားကြောင်း ရလာဒ်ကောင်းတွေရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း မလေးရှားအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်တာကြောင့် အကောင်းဆုံးယှဉ်ပြိုင်ကစားသွား မှာဖြစ်ကြောင်း ထည့်သွငး်ပြောကြားခဲ့ပါတယ်။

မလေးရှားနဲ့မြန်မာအသင်းဟာ ဒီကနေ့ မြန်မာစံတော်ချိန် ည၇နာရီမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်းမှာယှဉ်ပြိုင် ကစားသွားမှာလည်းဖြစ်ပါတယ်။ အဲဒီပွဲမတိုင်မီ မြန်မာအသင်းကခုနှစ်မှတ်၊ မလေးရှားအသင်းက ခြောက်မှတ် ရရှိထားတာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အနိမ့်ဆုံးသရေတစ်မှတ်ရရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)