UEC နုိင္ငံေရးပါတီေတြ အတြင္းေရးကိစၥ ၀င္ေရာက္စြက္ဖက္တာမ်ဳိးမလုပ္သင့္ေၾကာင္း USDP ေျပာ

0
748

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ နုိင္ငံေရးပါတီ တစ္ခုရဲ႕ အတြင္းေရးကိစၥကုိ ၀င္ေရာက္စြက္ ဖက္ျခင္းမ်ဳိးမျပဳလုပ္သင့္ဟု ယူဆေၾကာင္း နုိ၀င္ဘာ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ သံလြင္လမ္းရွိ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ ရုံးခ်ဳပ္မွာျပဳလုပ္တဲ့  နုိင္ငံေရးပါတီ ၂၇ ပါတီရဲ႕ သတင္းစာ ရွင္းလင္းပြဲမွာ USDP ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕၀င္ ဦးလွသိန္းက အခုလုိေျပာဆုိခဲ့တာျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၁ ရက္ေန႔က နုိင္ငံေရးပါတီ ၂၇ ပါတီရဲ႕ ပူးတြဲေၾကညာခ်က္နဲ႔ ပက္သက္ၿပီး တစ္ပါတီခ်င္းစီရဲ႕ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႔မွာ ဆုံးျဖတ္ထားျခင္းရွိမရွိ အေၾကာင္းျပန္ေပးဖို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က နုိင္ငံေရးပါတီ ၂၇ ပါတီ ကုိညႊန္ၾကားခဲ့ျ့ခင္းအေပၚ ဦးလွသိန္းက အခုလုိ ျပန္လည္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ နုိင္ငံေရးပါတီေတြရဲ႕ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြကုိ ႀကီးၾကပ္ခြင့္ရွိေပမယ့္ ႀကီးၾကပ္မႈနဲ႔ စြက္ဖက္မႈေတြကုိ ကြဲကြဲျပားျပား သိရွိဖို႔လုိအပ္ေၾကာင္း နုိင္ငံေရးပါတီ အခ်ဳိ႕က သတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။

လက္ရွိျမန္မာ့စီးပြားေရး အေျခအေနမွာ အစုိးရတာ၀န္ရွိသူေတြ တရား၀င္ထုတ္ေဖာ္ေျပာဆုိမႈ အရ အရွိန္အဟုန္နဲ႔ တုိးတက္ေနတယ္လို႔ ဆုိေပမယ့္ ျပည္သူ႔တုိ႔ရဲ႕ လက္ေတြ႔ဘ၀မွာ အရင္အစုိးရကာလထက္ ထက္၀က္ခန္႔က်ဆင္းေနၿပီး ေစ်းကြက္ရွိ ကိန္းဂဏန္းေတြနဲ႔ အခ်က္အလက္ေတြက သက္ေသျပေနေၾကာင္း အခ်က္ ၆ ခ်က္ပါေၾကညာခ်က္ကုိ ထုတ္ျပန္ခဲ့ တာျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

UEC နိုင်ငံရေးပါတီတွေ အတွင်းရေးကိစ္စ ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်သင့်ကြောင်း USDP ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ အတွင်းရေးကိစ္စကို ဝင်ရောက်စွက် ဖက်ခြင်းမျိုးမပြုလုပ်သင့်ဟု ယူဆကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ USDP ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်းက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ ပူးတွဲကြေညာချက်နဲ့ ပက်သက်ပြီး တစ်ပါတီချင်းစီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ ဆုံးဖြတ်ထားခြင်းရှိမရှိ အကြောင်းပြန်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၂၇ ပါတီ ကိုညွှန်ကြားခြဲ့့ခင်းအပေါ် ဦးလှသိန်းက အခုလို ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ကြီးကြပ်ခွင့်ရှိပေမယ့် ကြီးကြပ်မှုနဲ့ စွက်ဖက်မှုတွေကို ကွဲကွဲပြားပြား သိရှိဖို့လိုအပ်ကြောင်း နိုင်ငံရေးပါတီ အချို့က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာ့စီးပွားရေး အခြေအနေမှာ အစိုးရတာဝန်ရှိသူတွေ တရားဝင်ထုတ်ဖော်ပြောဆိုမှု အရ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်လို့ ဆိုပေမယ့် ပြည်သူ့တို့ရဲ့ လက်တွေ့ဘဝမှာ အရင်အစိုးရကာလထက် ထက်ဝက်ခန့်ကျဆင်းနေပြီး ဈေးကွက်ရှိ ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေက သက်သေပြနေကြောင်း အချက် ၆ ချက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)