ႏွစ္ဦးသေဘာတူ လင္မယား ကြာရွင္းျပတ္စဲေၾကာင္း အဆိုေတာ္ ခ်မ္းခ်မ္း ေၾကညာ

0
1209

တစ္ဦးနဲ႔တစ္ဦး စိတ္သေဘာထားခ်င္း မတိုက္ဆိုင္တဲ့ အတြက္ ခင္ပြန္းျဖစ္သူ ဘုဏ္းသိုက္နဲ႔ ကြာရွင္းျပတ္စဲလိုက္ၿပီလို႔ အဆိုေတာ္ ခ်မ္းခ်မ္း (ခ်မ္းျမၿငိမ္း) က ေၾကညာလိုက္ပါတယ္။

စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ႏွစ္ဖက္ေသာ လူႀကီးမိဘေတြေရွ႕မွာ ဇူလိုင္လ ၁၇ ရက္ေန႔ ကတည္းက ကြာရွင္းစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကတာလို႔ ဒီေန႔ ႏိုဝင္ဘာ ၂၄ ရက္ေန႔ထုတ္ ေၾကးမံုသတင္းစာမွာ ေဖာ္ျပထားပါတယ္။

ဘုဏ္းသိုက္နဲ႔ မပတ္သက္ေတာ့ေၾကာင္းနဲ႔ စိတ္အေႏွာက္အယွက္ျဖစ္ေအာင္၊ ဂုဏ္သိကၡာ က်ဆင္းေစတဲ့ အျပဳအမူေတြ မလုပ္ဖို႔ ေၾကညာထားပါတယ္။

သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ဘုဏ္းသိုက္နဲ႔ အဆိုေတာ္ ခ်မ္းခ်မ္းတို႔ဟာ ၂၀၁၃ ခုႏွစ္ ဇူလိုင္ ၁၇ ရက္ေန႔က လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး သမီးတစ္ဦး ထြန္းကားခဲ့ပါတယ္။
……………………. ။ ။ …………………….

နှစ်ဦးသဘောတူ လင်မယား ကွာရှင်းပြတ်စဲကြောင်း အဆိုတော် ချမ်းချမ်း ကြေညာ
တစ်ဦးနဲ့တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အတွက် ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ ကွာရှင်းပြတ်စဲလိုက်ပြီလို့ အဆိုတော် ချမ်းချမ်း (ချမ်းမြငြိမ်း) က ကြေညာလိုက်ပါတယ်။
စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ နှစ်ဖက်သော လူကြီးမိဘတွေရှေ့မှာ ဇူလိုင်လ ၁၇ ရက်နေ့ ကတည်းက ကွာရှင်းစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ ဘုဏ်းသိုက်နဲ့ မပတ်သက်တော့ကြောင်းနဲ့ စိတ်အနှောက်အယှက်ဖြစ်အောင်၊ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အပြုအမူတွေ မလုပ်ဖို့ ကြေညာထားပါတယ်။
သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ဟာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)