
0
692



…………………. ။ ။ …………………

ထမံသီ ဘေးမဲ့တောမှာ ကျားတွေ ကျက်စားမှု ကင်မရာ ၅၀ တပ်ဆင်ပြီး စစ်တမ်း ကောက်မယ်

စစ်ကိုင်းတိုင်း၊ ထမံသီ ဘေးမဲ့တော၊ နန်ဖီးလင်းနဲ့ နန်ရမ်းယင် ဧရိယာထဲမှာ ကျားတွေ ပျံ့နှံ့ကျက်စားမှုကို စစ်တမ်းကောက်ဖို့ ကင်မရာ ၅၀ တပ်ဆင်ပြီး သုတေသန ပြုနေပါတယ်။

ထမံသီ တောထဲမှာ ကျက်စားတဲ့ အင်္ဂလားကျား အကောင်အရေအတွက်၊ အစာကွင်းဆက်တွေကို စစ်တမ်းကောက်ယူနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂလားကျားနဲ့ အင်ဒိုချိုင်းနားကျား မျိုးစိတ် နှစ်မျိုးရှိပြီး ထမံသီ ဘေးမဲ့တောထဲမှာ ဘင်္ဂလားကျားတွေ ကျက်စားပါတယ်။

စစ်တမ်းကောက်ယူမှုကို သစ်တောဦးစီးဌာန ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သစ်တောဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)