
0
402



…………………….. ။ ။ ……………………..

ကရင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်
ကရင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စိတ်ဝင်စားသူ နိုင်ငံသား၊ နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖိတ်ခေါ်ထားပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေ အချိုးကျ မျှတစွာ ဖွံ့ဖြိုးဖို့ ရင်းနှီးမြှုပ်နှံမှု ပြပွဲတွေ နှစ်စဉ်အလှည့်ကျ ကျင်းပရာမှာ ဒီနှစ်အတွက် ကရင်ပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှု ပြပွဲကို ဘားအံမြို့မှာ ဒီနေ့ နိုဝင်ဘာ ၂၄ မှာ ကျင်းပပါတယ်။
ကရင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်း၊ အာမခံ ကုန်လှောင်ရုံလုပ်ငန်း၊ စက်မှုဇုန် တည်ထောင်တဲ့ လုပ်ငန်း၊ ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြလာရင် အလျင်အမြန် စိစစ်ဆောင်ရွက်ပေးမယ်လို့ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)