ဘူးသီးေတာင္မွာ မိုင္းနင္းမိလို႔ အရပ္သား တစ္ဦးေသ

0
442

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မိုင္းနင္းမိၿပီး ေပါက္ကြဲလို႔ အရပ္သားတစ္ဦး ေသဆံုးသြားပါတယ္။

မေန႔က ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာ ဘိုကေလး ရြာေဟာင္းေန ကိုရန္ဂီးနဲ႔ ဇနီးျဖစ္သူ မနန္းလီတို႔ ကုလားေသေက်းရြားကို အလည္သြားၿပီး အျပန္ ေဘာဓိကိုင္းေက်းရြာအနီး စိုင္းဒင္ ေတာင္ေၾကာမွာ ကိုရန္ဂီးက မိုင္းနင္းမိၿပီး ေပါက္ကြဲခဲ့ပါတယ္။ ကိုရန္ဂီး ခႏၶာကိုယ္ကို မိုင္းစေတြ ထိမွန္ၿပီး ေသြးထြက္လြန္ကာ ေသဆံုးသြားပါတယ္။

ငျမင္းေဘာ္ ရဲကင္းက ရဲတပ္ဖြဲ႔ေတြက သြားေရာက္စစ္ေဆးရာမွာ ကိုရန္ဂီးဟာ လက္လုပ္မိုင္းလို႔ ယူဆရတဲ့ မိုင္းေပါက္ကြဲမႈေၾကာင့္ မ်က္ႏွာဖူးေရာင္၊ ဝဲမ်က္လံုး ေပါက္ထြက္၊ ဝဲတံေတာင္ဆစ္ေပါက္ၿပဲ၊ ယာလက္ေမာင္း ေဖာက္ဝင္ဒဏ္ရာ ငါးခ်က္၊ ေပါင္၊ ေျခသလံုး ယမ္းစေဖာက္ဝင္ ဒဏ္ရာေတြနဲ႔ ေသဆံုးသြားတာ ျဖစ္ေၾကာင္း ေတြ႔ရွိရပါတယ္။
………………… ။ ။ ……………………
ဘူးသီးတောင်မှာ မိုင်းနင်းမိလို့ အရပ်သား တစ်ဦးသေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မိုင်းနင်းမိပြီး ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးသွားပါတယ်။

မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဘိုကလေး ရွာဟောင်းနေ ကိုရန်ဂီးနဲ့ ဇနီးဖြစ်သူ မနန်းလီတို့ ကုလားသေကျေးရွားကို အလည်သွားပြီး အပြန် ဘောဓိကိုင်းကျေးရွာအနီး စိုင်းဒင် တောင်ကြောမှာ ကိုရန်ဂီးက မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ပါတယ်။ ကိုရန်ဂီး ခန္ဓာကိုယ်ကို မိုင်းစတွေ ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးသွားပါတယ်။

ငမြင်းဘော် ရဲကင်းက ရဲတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးရာမှာ ကိုရန်ဂီးဟာ လက်လုပ်မိုင်းလို့ ယူဆရတဲ့ မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာဖူးရောင်၊ ဝဲမျက်လုံး ပေါက်ထွက်၊ ဝဲတံတောင်ဆစ်ပေါက်ပြဲ၊ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ ငါးချက်၊ ပေါင်၊ ခြေသလုံး ယမ်းစဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)