အျပဳသေဘာမေဆာင္တဲ့ သေဘာထားေၾကညာခ်က္ထုတ္တဲ့ ပါတီေတြကို ေရြးေကာက္ပြဲ ေကာ္မရွင္ သတိေပး

0
463

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဥပေဒပါ ျပ႒ာန္းခ်က္ေတြနဲ႔အညီ ေဆာင္ရြက္မႈအေပၚ ပါတီတခ်ိဳ႕နဲ႔ လူပုဂၢိဳလ္တခ်ိဳ႕တို႔က အျပဳသေဘာမေဆာင္တဲ့ သေဘာထား ေၾကညာခ်က္ေတြ ထုတ္ျပန္မႈ၊ မီဒီယာေတြကို ေျပာၾကားမႈေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ ႏိုင္ငံေရးပါတီေတြရဲ႕ သေဘာထားထုတ္ျပန္ခ်က္၊ ေၾကညာခ်က္ေတြ မျပဳလုပ္ဖို႔ တားဆီးပိတ္ပင္ျခင္း၊ ခ်ဳပ္ခ်ယ္ျခင္း မရွိေၾကာင္း၊ ဒါေပမယ့္ အဲဒီ ထုတ္ျပန္ေၾကညာခ်က္ေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က သိဖို႔လိုတဲ့အတြက္ မိတၱဳတစ္ေစာင္ ေပးပို႔ရမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတဝန္း စည္း႐ံုးမယ့္ ႏိုင္ငံေရးပါတီက အနည္းဆံုး ပါတီဝင္ ၁ ေထာင္၊ တိုင္း ဒါမွမဟုတ္ ျပည္နယ္မွာ စည္း႐ံုးမယ့္ ႏိုင္ငံေရးပါတီက ပါတီဝင္ အနည္းဆံုး ၅၀၀ ရေအာင္ စည္း႐ံုးရမွာ ျဖစ္ေပမယ့္ ႏိုင္ငံေရးပါတီေတြက လိုက္နာျခင္း မရွိဘူးလို႔ ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။
……………………။ ။ ……………………….

အပြုသဘောမဆောင်တဲ့ သဘောထားကြေညာချက်ထုတ်တဲ့ ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်မှုအပေါ် ပါတီတချို့နဲ့ လူပုဂ္ဂိုလ်တချို့တို့က အပြုသဘောမဆောင်တဲ့ သဘောထား ကြေညာချက်တွေ ထုတ်ပြန်မှု၊ မီဒီယာတွေကို ပြောကြားမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်၊ ကြေညာချက်တွေ မပြုလုပ်ဖို့ တားဆီးပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်း မရှိကြောင်း၊ ဒါပေမယ့် အဲဒီ ထုတ်ပြန်ကြေညာချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သိဖို့လိုတဲ့အတွက် မိတ္တုတစ်စောင် ပေးပို့ရမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း စည်းရုံးမယ့် နိုင်ငံရေးပါတီက အနည်းဆုံး ပါတီဝင် ၁ ထောင်၊ တိုင်း ဒါမှမဟုတ် ပြည်နယ်မှာ စည်းရုံးမယ့် နိုင်ငံရေးပါတီက ပါတီဝင် အနည်းဆုံး ၅၀ဝ ရအောင် စည်းရုံးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးပါတီတွေက လိုက်နာခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)