သဟဇာတ ဆောက်တည်နေတဲ့ အားထုတ်မှုကို အားပေးဖို့ လာရောက်တာလို့ ပုပ်ရဟန်းမင်းကြီး ဆို

0
415



……………………. ။ ။ …………………….

သဟဇာတ ဆောက်တည်နေတဲ့ အားထုတ်မှုကို အားပေးဖို့ လာရောက်တာလို့ ပုပ်ရဟန်းမင်းကြီး နှုတ်ခွန်းဆက် စကား ပေးပို့

မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်သူပြည်သားများထံ နှုတ်ခွန်းဆက်စကား ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို လေးစားတဲ့ စိတ်ထားနဲ့ အလည်အပတ် ရောက်ရှိလိုခြင်း ဖြစ်ကြောင်း၊ သဟဇာတကို ဆောက်တည်နေတဲ့ အားထုတ်လုပ်ဆောင်မှုကို အားပေးဖို့၊ အများကောင်းကျိုး သယ်ပိုးခြင်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ နှုတ်ခွန်းဆက် စကားမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ လူအများကြီးဟာ သူ့ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်နေရကြတာကို သိရှိကြောင်းနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)