ေနရပ္စြန္႔ခြာသူမ်ား လက္ခံေရး ၉၂ ခုႏွစ္ ပူးတြဲေၾကညာခ်က္ကို အေျခခံ

0
468

ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာသြားသူေတြနဲ႔ ပတ္သက္လို႔ ေဆာက္ရြက္မယ့္ အစီအစဥ္ဟာ ၁၉၉၂ ခုႏွစ္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ အစိုးရနဲ႔ ဘဂၤလားေဒ့ရွ္ ျပည္သူ႔သမၼတ ႏိုင္ငံ အစိုးရတို႔အၾကား ႏိုင္ငံျခားေရးဝန္ႀကီး အဆင့္မွာ လက္မွတ္ေရးထိုးခဲ့တဲ့ ပူးတြဲေၾကညာခ်က္ကို အေျခခံ ေရးဆြဲထားတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ေနရပ္စြန္႔ခြာသူေတြ ျပန္လည္ လက္ခံေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ကို မေန႔က ႏိုဝင္ဘာ ၂၃ ရက္ေန႔မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ အဘူလ္ ဟတ္ဆန္ မာမြတ္အလီတို႔ လက္မွတ္ေရးထိုးခဲ့ပါတယ္။

သေဘာတူညီခ်က္မွာ ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာထြက္ေျပးသူေတြကို စနစ္တက် စိစစ္လက္ခံရာမွာ လိုက္နာေဆာင္ရြက္ရမယ့္ အေထြေထြ မူေဘာင္ေတြနဲ႔ မူဝါဒေရးရာ အစီအမံေတြ ပါရွိပါတယ္။
…………………… ။ ။ …………………..
နေရပ်စွန့်ခွာသူများ လက်ခံရေး ၉၂ ခုနှစ် ပူးတွဲကြေညာချက်ကို အခြေခံ

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်လို့ ဆောက်ရွက်မယ့် အစီအစဉ်ဟာ ၁၉၉၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီး အဆင့်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲကြေညာချက်ကို အခြေခံ ရေးဆွဲထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ကို မနေ့က နိုဝင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ် ဟတ်ဆန် မာမွတ်အလီတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်မှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးသူတွေကို စနစ်တကျ စိစစ်လက်ခံရာမှာ လိုက်နာဆောင်ရွက်ရမယ့် အထွေထွေ မူဘောင်တွေနဲ့ မူဝါဒရေးရာ အစီအမံတွေ ပါရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)