အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဖြဲ႕စည္း

0
462

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၇၊ ပုဒ္မခြဲ (က) အရ အပ္ႏွင္းတဲ့ လုပ္ပိုင္ခြင့္ကို က်င့္သံုးၿပီး ဖြဲ႔စည္းလိုက္ၿပီ ျဖစ္ပါတယ္။

ေကာ္မရွင္မွာ ဥကၠ႒အျဖစ္ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးေအာင္ၾကည္၊ အဖြဲ႔ဝင္ေတြအျဖစ္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ံုး ညႊန္ၾကားေရးမွဴးေဟာင္း ဦးစိုးတင့္၊ ျပည္ထဲေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးေဟာင္း ဦးေအာင္လြင္၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ံုး ဒု ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးဟန္ညြန္႔၊ ရဲခ်ဳပ္ေဟာင္း ဦးေဇာ္ဝင္း စသူတို႔ အပါအဝင္ အဖြဲ႔ဝင္ေပါင္း ၁၁ ဦး ပါဝင္ပါတယ္။

ျမန္မာႏိုင္ငံဟာ ၂၀၁၅ ခုႏွစ္ အဂတိလိုက္စားမႈ ညႊန္းကိန္းမွာ အဆင့္ ၁၄၇ မွာ ရွိခဲ့ၿပီး ၂၀၁၆ မွာေတာ့ ၁၃၆ အထိ ျမင့္တက္လာခဲ့ၿပီး အဂတိလိုက္စားမႈ အနည္းငယ္က်ဆင္းလာတယ္လို႔ အမွီအခုိကင္းတဲ့ ကမၻာလံုးဆိုင္ရာ အဂတိလိုက္စားမႈ ေစာင့္ၾကည့္ေရးအဖြဲ႔ Transparency International ရဲ႕ ၂၀၁၆ ခုႏွစ္ အဂတိလိုက္စားမႈ ညႊန္းကိန္းက ေဖာ္ျပပါတယ္။
……………….. ။ ။ …………………..

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (က) အရ အပ်နှင်းတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်၊ အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးဟောင်း ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးအောင်လွင်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးဟန်ညွန့်၊ ရဲချုပ်ဟောင်း ဦးဇော်ဝင်း စသူတို့ အပါအဝင် အဖွဲ့ဝင်ပေါင်း ၁၁ ဦး ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ် အဂတိလိုက်စားမှု ညွှန်းကိန်းမှာ အဆင့် ၁၄၇ မှာ ရှိခဲ့ပြီး ၂၀၁၆ မှာတော့ ၁၃၆ အထိ မြင့်တက်လာခဲ့ပြီး အဂတိလိုက်စားမှု အနည်းငယ်ကျဆင်းလာတယ်လို့ အမှီအခိုကင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency International ရဲ့ ၂၀၁၆ ခုနှစ် အဂတိလိုက်စားမှု ညွှန်းကိန်းက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)