
0
470


……………….. ။ ။ …………………

ရခိုင်ပြည်နယ်အရေး နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းရမယ်လို့ အတိုင်ပင်ခံရုံး ထုတ်ပြန်

ရခိုင်ပြည်နယ် ပြဿနာကို နိုင်ငံတကာ အရေးကိစ္စအဖြစ် ကြိုးပမ်းဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမယ်လို့ ခိုင်မာစွာ ရပ်တည်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူတွေ ကိစ္စနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ၊ အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဖိအားပေးမှု၊ လုံခြုံရေးကောင်စီမှာ သဘာပတိ ထုတ်ပြန်ချက်တွေ ချမှတ်ကာ နိုင်ငံတကာ အရေးကိစ္စအဖြစ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)