ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး စင်္ကာပူကို ဗီဇာမလိုဘဲ ရက် ၃၀ လည်ပတ်နိုင်ပြီ

0
295

မြန်မာနိုင်ငံသားတွေ စင်္ကာပူနိုင်ငံမှာ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမယ့် အစီအစဉ်ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

singapore

စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရဟာ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်မှာ သဘောတူညီခဲ့တာပါ။

စင်္ကာပူဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ စင်ကာပူအစိုးရနဲ့ မြန်မာအစိုးရဟာ သံတမန်ဆက်ဆံရေး ထူထောင်တာ အခုနှစ်မှာ နှစ် ၅၀ ပြည့်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)