မြန်မာ့အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန် ၁၄၅ ရာခိုင်နှုန်း မြင့်တက်

0
334

အခု နှစ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ အထည်ချုပ်လုပ်ငန်းရဲ့ ပြည်ပပို့ကုန် ပမာဏ ၁၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

garment2

နိုဝင်ဘာ ၁၁ ရက်နေ့အထိ ရရှိတဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ရဲ့ ပထမဆုံး ၈ လအတွင်း အထည်ချုပ်လုပ်ငန်းရဲ့ပြည်ပပို့ကုန်တန်ဖိုးပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိခဲ့ပါတယ်။ ဒါဟာ အရင်ဘဏ္ဍာရေးနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၉၀ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် အထည်ချုပ်လုပ်ငန်းအနေနဲ့ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းနေရာ ၄ သိန်းလောက် ဖန်တီးပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မြန်မာ့အထည်အလိပ်ပို့ကုန်တွေဟာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)