အမျိုးသားစည်းလုံးမှုအင်အားနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နိုင်ငံတော်သမ္မတ တိုက်တွန်း

0
332

ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရေးကို အမျိုးသားစည်းလုံးညီညွတ်မှုအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အမျိုးသားနေ့ သဝဏ်လွှာထဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

president

ဒီကနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတ ဦးထင်ကျော်က ခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံကို ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်သစ်အဖြစ် တည်ဆောက်ဖို့ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေချိန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားနေ့ရဲ့ ဦးတည်ချက်ဖြစ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အမျိုးသားစည်းလုံးညီညွတ်မှုအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ အလေးအနက်တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် စီးပွားရေးနဲ့ဖွံ့ဖြိုးရေးပန်းတိုင်တွေ အကောင်အထည်ဖော်ဖို့ ဦးတည်ရေးဆွဲထားရာမှာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနဲ့ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို တိုးမြှင့်ဆောင်ရွက်ရေးတို့ပါဝင်ပြီး မူဝါဒရဲ့ အဓိကဦးတည်ချက်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ သဘာဝသယံဇာတများထိန်းသိမ်းရေး၊ တိုင်းရင်းသားလူငယ်များရဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)