မလေးရှားအသင်း ဆူဇူကီးဖလားပြိုင်ပွဲက နုတ်ထွက်မယ့်ကိစ္စ မနက်ဖြန် ဆုံးဖြတ်မယ်

0
357

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကနေ မလေးရှားအသင်း နုတ်ထွက်ဖို့ကိစ္စကို မနက်ဖြန်မှာ ဆုံးဖြတ်သွားမယ်လို့ မလေးရှား လူငယ်နှင့်အားကစားဝန်ကြီး ခိုင်ရီဂျမာလူဒင်က ပြောကြားလိုက်ပါတယ်။

PUTRAJAYA 15 NOVEMBER 2016. Menteri Belia dan Sukan, Khairy Jamaluddin berucap ketika hadir untuk menyaksikan Majlis Menandatangani Perjanjian Persefahaman (MOU) antara Kementerian Belia dan Sukan dengan Footbal Thai Factory Sporting Goods Co, Ltd (FBT) di Kementerian Belia dan Sukan, Putrajaya. NSTP/FARIZ ISWADI ISMAIL.

မလေးရှားအသင်းဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့က ဘင်္ဂါလီတွေကို မောင်တောဒေသ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးတဲ့ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ဆူဇူကီးပြိုင်ပွဲကနေ ထွက်ဖို့ စီစဉ်နေတာပါ။

အားကစားဝန်ကြီးအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကိုယ့်သဘောနဲ့ကိုယ် ချမှတ်လို့မရတာကြောင့် မနက်ဖြန်မှာ ပြုလုပ်မယ့် အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပြီး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ အားကစားဝန်ကြီးက ပြောကြားခဲ့ပါတယ်။ တချို့လူတွေက နိုင်ငံရေးနဲ့အားကစားကို မရောထွေးဖို့ ပြောကြပေမဲ့ ဒါဟာ နိုင်ငံရေးမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုကိစ္စဖြစ်တယ်လို့လည်း  ပြောကြားခဲ့ပါတယ်။

မလေးရှားအသင်းဟာ မနေ့က ဗီယက်နမ်အသင်းနဲ့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး လာမယ့် ၂၆ ရက်နေ့မှာ အိမ်ရှင် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)