မုံရွာမြို့ အမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆို

0
310

ဒီကနေ့ နိုဝင်ဘာလ ၂၄ နေ့ နံနက်(၉)နာရီမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က အမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

15135958_618991291637441_6081798854444579922_n

အဲဒီအမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ မုံရွာမြို့ ရွှေစည်းခုံဘုရားဝန်းကနေ ကန်သာယာ လွတ်လပ်ရေးကျောက်တိုင်အထိ ချီတက်တောင်းဆိုခဲ့ကြတာပါ။

15134559_618991268304110_4197698942151414572_n

အမျိုးသားနေ့အထိမ်းအမှတ် ပြည်တွင်းငြိမ်းချမ်းရေးပွဲကို ၈၈ အဖွဲ့၊ NLD အဖွဲ့၊ ကျောင်းသား တကသအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူ့ဘောင်သစ်ဖွဲ့ စတဲ့နိုင်ငံရေးအဖွဲ့(၁၀)ဖွဲ့က ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

15220085_618991341637436_5104434377097309425_n

အမျိုးသားနေ့အထိမ်းအမှတ်ပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် လူအင်အား(၆၀)ကျော်လောက်က ပါဝင်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)