မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ် မော်တော်ယာဉ်တွေ ပြန်လည် သွားလာနိုင်

0
315

မူဆယ်မြို့ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာ မော်တောင်းကျေးရွာနဲ့ နမ့်အွန်ကျေးရွာကြား၊ ကောင်းခါးရွာ အနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်တွေပြန်လည်သွားလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

15136022_1029465917181274_7724075279960481128_n

ဒီကနေ့ မနက် KIA လက်နက်ကိုင်အဖွဲ့တွေက တွဲယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ ခရီးသည်ယာဉ်တွေ သွားလာမှုကို ပိတ်ဆို့ ထားတာပါ။ အဲဒီလိုပိတ်ဆို့ထားတဲ့နေရာတွေကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက် ၁၀ နာရီကျော်က သွားရောက် ရှင်းလင်းခဲ့တဲ့ အတွက် အခုအခါမှာ မော်တော်ယာဉ်တွေ သွားလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့တွေဟာ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးမှာရှိတဲ့ တပ်မတော်စခန်းတစ်ခုကိုလည်း ဒီကနေ့ မနက် ၆ နာရီကျော် က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)