နမ္မတူရွာသား(၁၁)ဦးကို မဖမ်းထားဘူးလို့ တအာင်းအဖွဲ့ ငြင်းဆို

0
344

တအာင်းတပ်မတော်က နမ္မတူရွာသား(၁၁)ဦးကိုမဖမ်းဆီးထားဘူးလို့ တအာင်းတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးတာဘုန်းကျော်က ငြင်းဆိုလိုက်ပါတယ်။

tnla

တအာင်းတပ်ဖွဲ့အနေနဲ့ ရွာသားတွေကို ဖမ်းဆီးထားခြင်းမရှိသလို နမ္မတူကျေးရွာဖက်မှာလည်း RCSS အပါအဝင် မြန်မာတပ်မတော်တို့နဲ့ တိုက်ပွဲတချို့ ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

“မဟုတ်ပါဘူး။ ကျွန်တော်တို့တပ်ဖွဲ့က ရွာသားတွေကို မဖမ်းပါဘူးဗျာ့။ တိုက်ပွဲဖြစ်နေတော့ ရွာသားတွေကို ကျွန်တော်တို့က ပြေးခိုင်းပါတယ်။ ကျွန်တော်တို့အဖွဲ့ကဖမ်းဆီးတယ်လို့ သတင်းရတော့ အဲဒီဖက်မှာရှိတဲ့အဖွဲ့တွေကို မေးပါတယ်။ မဖမ်းဆီးထားဘူးလို့ ပြောပါတယ်”လို့ တအာင်းတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးတာဘုန်းကျော်က ပြောပါတယ်။

တအာင်းတပ်ဖွဲ့က RCSSရဲ့ ရဲဘော်တွေကိုသာ ဖမ်းဆီးထားသလို ယခုဖမ်းဆီးထားတယ်ဆိုတဲ့ ရွာသား(၁၁)ဦးရဲ့သတင်းဇစ်မြစ်ဟာ RCSS ရဲ့လုပ်ကြံမှုတွေသာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒသခံရွာသားတွေကတော့ နားနောင်ရွာက(၄)ဦး၊ မိုင်းတတ်ရွာ(၅)ဦး၊ စစ်ရှောင်စခန်းက(၂)ဦးကို တအာင်းတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)