ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပူးေပါင္း ေဆာင္ရြက္မယ္

0
308

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား နယ္စပ္ေဒသ တရားဥပေဒ စိုးမိုးေရးႏွင့္လုံျခဳံေရး ပူးေပါင္း ေဆာင္ရြက္မွုတိုးျမႇင့္ေဆာင္ရြက္ေရး၊ အၾကမ္းဖက္မွုတိုက္ဖ်က္ေရးေတြကို ပူးေပါင္း ေဆာင္ရြက္ဖို႔ သေဘာတူညီခ်က္ေတြ ရရွိခဲ့ပါတယ္။


ေအာက္တိုဘာလ ၂၄ ရက္ေန႔က ေနျပည္ေတာ္ရွိ Horizon Lake View Hotel မွာ ျပဳလုပ္တဲ့ ႏွစ္ႏိုင္ငံၾကား နယ္စပ္ေဒသ လုံျခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေရးဆိုင္ရာ ျပည္ထဲေရးဝန္ႀကီး ဌာန၊ ဝန္ႀကီးအဆင့္ အစည္းအေဝးမွာ အဲ့ဒီလို ပူးေပါင္းေဆာင္ရြက္သြားဖို႔ ဆံုးျဖတ္လိုက္တာပါ။

ဒါ့အျပင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈ၊ လူဝင္/လူထြက္ စိစစ္တာနဲ႔ နိုင္ငံသား စိစစ္ လက္ခံမႈေတြကို ပူးေပါင္းေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

အဲ့ဒီအစည္းအေ၀းမွာပဲ ဘဂၤလားေဒ့ရွ္နိုင္ငံကို ျမန္မာဘက္ကေန ေရာက္ရွိေနသူေတြကို နိုင္ငံသား စိစစ္မႈေတြ ျပဳလုပ္ၿပီး လုပ္ထုံးလုပ္နည္းေတြနဲ႔ အညီ စနစ္တက် ျပန္လည္လက္ခံနိုင္ေရးကိစၥရပ္ေတြကိုပါ ေဆြးေႏြးခဲ့ၾကတာလို႔ ျမန္မာျပည္ထဲေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားတာပါ။

ဒါအျပင္ အဲ့ဒီအစည္းအၿပီးမွာေတာ့ လုံျခဳံေရး က႑ေဆြးေႏြးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မွုစာခၽြန္လႊာနဲ႔အတူ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ ဆက္ဆံေရး႐ုံးမ်ား(Border Liaison Offices) ထူေထာင္မွုဆိုင္ရာ နားလည္မွုစာခၽြန္လႊာ ေတြကို ႏွစ္ႏိုင္ငံ ျပည္ထဲေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြ လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီအစည္းအေ၀းကိုေတာ့ ျမန္မာႏိုင္ငံ၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြဦးေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႔၀င္ေတြနဲ႔ ဘဂၤလားေဒ့ရွ္ နိုင္ငံဘက္က ျပည္ထဲေရးဝန္ႀကီးဌာန၊ ဝန္ႀကီး Mr. Asaduzzaman Khan ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔၀င္ေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔က စတင္ခဲ့တဲ့ ARSA အစြန္းေရာက္ အၾကမ္းသမားေတြရဲ႕ တိုက္ခိုက္သတ္ျဖတ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံသား တိုင္းရင္းသားေတြနဲ႔အတူ ဟိႏၵဴဘာသာ၀င္ေတြ အပါအ၀င္ ေဒသခံျပည္သူ ၁၆၃ ဦး ေသဆံုးခဲ့ရၿပီး ၂၃၅ ဦးတို႔လည္း ေပ်ာက္ဆံုးေနတယ္လို႔ အစိုးရက တရား၀င္ သတင္းထုတ္ျပန္ထားပါတယ္။

=========================================

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

 

အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel မှာ ပြုလုပ်တဲ့ နှစ်နိုင်ငံကြား နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အဲ့ဒီလို ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါ့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူဝင်/လူထွက် စိစစ်တာနဲ့ နိုင်ငံသား စိစစ် လက်ခံမှုတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

အဲ့ဒီအစည်းအဝေးမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်ကနေ ရောက်ရှိနေသူတွေကို နိုင်ငံသား စိစစ်မှုတွေ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတာလို့ မြန်မာပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

ဒါအပြင် အဲ့ဒီအစည်းအပြီးမှာတော့ လုံခြုံရေး ကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆက်ဆံရေးရုံးများ(Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တွေကို နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Asaduzzaman Khan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းသမားတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့အတူ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် ဒေသခံပြည်သူ ၁၆၃ ဦး သေဆုံးခဲ့ရပြီး ၂၃၅ ဦးတို့လည်း ပျောက်ဆုံးနေတယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)