အစိုးရနဲ႔ UNFC တို႔ သံုးပံုႏွစ္ပံုေက်ာ္ သေဘာတူထား

0
424

အစိုးရနဲ႔ အပစ္မရပ္ UNFC တို႔ၾကား ေဆြးေႏြးညွိႏွိုင္းမွုေတြကေန သံုးပံုႏွစ္ပံုေက်ာ္ သေဘာတူထားၾကျပီလို႔ UNFC ရဲ႕ ႏိုင္ငံေရးဆိုင္ရာ ေဆြးေႏြးညွိႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႔ DPN ဒုတိယ အဖြဲ႔ေခါင္းေဆာင္ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

သူက ေအာက္တိုဘာ ၂၃ ရက္ ေဆြးေႏြးပြဲမွာ UNFC က ေတာင္းဆိုထားတဲ့ အခ်က္ ၅ ကေန အခ်က္ ၇ အထိ ေဆြးေႏြးခဲ့ၾကျပီး ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“ဒီေန႔ေဆြးေႏြးပြဲကေပါ့ေနာ က်ေနာ္တို႔ နံပါတ္ ၅ ကအေၾကအလည္ အေျခခံအားျဖင့္ရၿပီ နံပါတ္ ၆ ေတာ့ ေျပလည္သေလာက္ျဖစ္ၿပီး နံပါတ္ ၇ ေတာ့ ဆံုးဖို႔နည္းနည္းပဲ က်န္ေတာ့တယ္။ ဒါလည္း ျဖည့္လိုက္မယ္ ဆိုရင္ ဒီ ၈ ခ်က္က ဘယ္လိုေျပာမလဲ ဆိုရင္ သံုးပံုႏွစ္ပံု ေက်ာ္လာၿပီေပါ့ေနာ ဒါဆို က်ေနာ္တို႔က လက္တစ္ကမ္း အလိုမွာပဲ ေရာက္လာၿပီးဆိုတာ က်ေနာ္တို႔ အခ်င္းခ်င္း ဒါေပမယ့္ မနက္ျဖန္ ေဆြးေႏြးပြဲ ဘယ္ေလာက္ျပတ္အံုးမလဲ ဆိုတာကို မသိေသးဘူးေပါ့ေနာ ဒါဆို က်ေနာ္ေျပာခ်င္တာက ဒီ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ PC နဲ႔ ေဆြးေႏြးပြဲဟာ ေတာ္ေတာ္ေလး အားတက္ဖို႔ေကာင္းတယ္။ က်ေနာ္တို႔ ေမွ်ာ္လင့္ထားတဲ့ အခ်ိန္အတိုင္းအတာ တစ္ခုေတာ့ က်ေနာ္ထင္တယ္ ေရာက္ႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္”

UNFC ဘက္က ေတာင္းဆိုထားတဲ့ အခ်က္ ၈ ခ်က္မွာ အရင္ အစည္းအေ၀းမ်ားမွာ အခ်က္ ၄ ခ်က္ သေဘာတူညီၿပီးျဖစ္ျပီး အခုုအစည္းအေ၀းမွာ အခ်က္ ၅ ကေန ၈ အထိ ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။
……………………….. ။ ။ …………………………….

အစိုးရနဲ့ UNFC တို့ သုံးပုံနှစ်ပုံကျော် သဘောတူထား

အစိုးရနဲ့ အပစ်မရပ် UNFC တို့ကြား ဆွေးနွေးညှိနှိုင်းမှုတွေကနေ သုံးပုံနှစ်ပုံကျော် သဘောတူထားကြပြီလို့ UNFC ရဲU နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ပြောပါတယ်။

သူက အောက်တိုဘာ ၂၃ ရက် ဆွေးနွေးပွဲမှာ UNFC က တောင်းဆိုထားတဲ့ အချက် ၅ ကနေ အချက် ၇ အထိ ဆွေးနွေးခဲ့ကြပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီနေ့ဆွေးနွေးပွဲကပေါ့နော ကျနော်တို့ နံပါတ် ၅ ကအကြေအလည် အခြေခံအားဖြင့်ရပြီ နံပါတ် ၆ တော့ ပြေလည်သလောက်ဖြစ်ပြီး နံပါတ် ၇ တော့ ဆုံးဖို့နည်းနည်းပဲ ကျန်တော့တယ်။ ဒါလည်း ဖြည့်လိုက်မယ် ဆိုရင် ဒီ ၈ ချက်က ဘယ်လိုပြောမလဲ ဆိုရင် သုံးပုံနှစ်ပုံ ကျော်လာပြီပေါ့နော ဒါဆို ကျနော်တို့က လက်တစ်ကမ်း အလိုမှာပဲ ရောက်လာပြီးဆိုတာ ကျနော်တို့ အချင်းချင်း ဒါပေမယ့် မနက်ဖြန် ဆွေးနွေးပွဲ ဘယ်လောက်ပြတ်အုံးမလဲ ဆိုတာကို မသိသေးဘူးပေါ့နော ဒါဆို ကျနော်ပြောချင်တာက ဒီ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် PC နဲ့ ဆွေးနွေးပွဲဟာ တော်တော်လေး အားတက်ဖို့ကောင်းတယ်။ ကျနော်တို့ မျှော်လင့်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုတော့ ကျနော်ထင်တယ် ရောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”

UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်မှာ အရင် အစည်းအဝေးများမှာ အချက် ၄ ချက် သဘောတူညီပြီးဖြစ်ပြီး အခုအစည်းအဝေးမှာ အချက် ၅ ကနေ ၈ အထိ ဆွေးနွေးနေကြတာ ဖြစ်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)