ဘဏ္ဍာရေးနှစ် အပိုင်းသတ်မှတ်မှု မပြောင်းဖို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်

0
467


Military-appointed members of the Myanmar parliament attending the final session of the previous parliament on January 29. Twenty-five per cent of the MPs in the new parliament are drawn from the military. Photo: AP



အဲ့ဒီအဆိုနဲ့ပတ်သက်ပြီး အောက်တိုဘလာ ၂၄ ရက်နေ့ ညနေပိုင်းမှာပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူ အတည်ပြုဖို့ ရှိနေတာ ဖြစ်ပါတယ်။

==============================================

ကမ္ဘာနိုင်ငံ ၁၂ နိုင်ငံမှာပဲ ကျင့်သုံးတဲ့ ဘဏ္ဍာရေးနှစ် အပိုင်းသတ်မှတ်မှုကို
မပြောင်းလဲဖို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက

ကန့်ကွက်ကမ္ဘာပေါ်က ၂၂၇ နိုင်ငံထဲက ၁၂ နိုင်ငံကပဲ ကျင့်သုံးတဲ့ ဘဏ္ဍာရေးနှစ် အပိုင်းသတ်မှတ်မှုကို မပြောင်းလဲဖို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၃ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းစိန်နဲ့ ဗိုလ်မှူးကြီး သောင်းထိုက်စိုးအပါအဝင် ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေးတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုဆွေးနွေးရာမှာတော့ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနှစ် အပိုင်းသတ်မှတ်မှုကို ကျင့်သုံးလာတာ ၄၃ နှစ်ရှိပြီဖြစ်တဲ့အတွက် မဖြစ်မနေ ပြောင်းလဲကျင့်သုံးမယ်ဆိုရင်လည်း လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို သက်ဆိုင်သူတွေ၊ အဖွဲ့အစည်းတွေ၊ စိတ်ပါဝင်စား သူတွေနဲ့ အချိန်ယူ ဝိုင်းဝန်းစဉ်းစားပြီးမှသာ ဆောင်ရွက်သင့်ကာ အလောသုံးဆယ်ပြောင်းဖို့ မသင့်ဘူးလို့ ဒုတိယဗိုလ်မှူးကြီးသောင်းစိန်က ပြောကြားခဲ့တာပါ။

အဲ့ဒီအဆိုနဲ့ပတ်သက်ပြီး အောက်တိုဘလာ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူ အတည်ပြုဖို့ ရှိနေတာ ဖြစ်ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)