
0
427



……………………. ။ ။ ………………………..

သိမ်ဖြူလမ်း စာအုပ်ဈေးတန်း နိုဝင်ဘာ ပြန် ဖွင့်မယ်

ရန်ကုန်မြို့ သိမ်ဖြူလမ်းက Yangon Book Street စာအုပ်ဈေးတန်းကို နိုဝင်ဘာလမှာ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပြီး ဆိုင်ခန်းစာရင်းပေးသွင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ပထမအကြိမ် Yangon Book Street စာအုပ်ဈေးတန်းကို အခုနှစ် ဇန်နဝါရီ ၇ ရက်ကနေ ဧပြီ ၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် ယာယီရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ဈေးတန်းကို အရင် ဖွင့်လှစ်ခဲ့တဲ့ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလ လမ်းကြားရှိ သိမ်ဖြူ လမ်းပိုင်းရဲ့ လမ်းဘေးဝဲယာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့နဲ့ ဝန်ကြီးများရုံး ဟောင်းနံဘေးက ပလက်ဖောင်းတွေမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တို့မှာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)