ေရွးေဟာင္း နယ္ေျမငါးခုမွာ စီမံကိန္း ၉၀ ေက်ာ္ အေကာင္အထည္ ေဖာ္မယ္

0
415

မႏၲေလး၊ အင္းဝ၊ အမရပူရ၊ စစ္ကိုင္းနဲ႔ မင္းကြန္း စတဲ့ ေရွးေဟာင္းနယ္ေျမေဒသငါးခုမွာ စီမံကိန္းလုပ္ငန္း ၉ဝ ေက်ာ္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

မႏၱေလး တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားလာေရးၫႊန္ၾကားမႈဦးစီး ဌာန၊လက္ေထာက္ၫႊန္ၾကား ေရးမွဴး ဦးစန္းယုက ”ႏိုင္ငံတကာ ခရီးသြားေတြအတြက္ ဆြဲေဆာင္မႈရွိေစဖို႔နဲ႔ ျမန္မာ့ ခရီးသြား လုပ္ငန္းတိုးတက္ေစဖို႔ရည္ရြယ္ၿပီး ဒီစီမံကိန္းေတြကို ျပည္ေထာင္စု အဆင့္ကေန ႏိုင္ငံတကာ ကြၽမ္းက်င္ ပညာရွင္ေတြနဲ႔ ညႇိႏႈိင္းေရးဆြဲခဲ့ တာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ခရီးစဥ္အသစ္ေတြ ေဖာ္ထုတ္စရာ မလိုေလာက္ေအာင္ ေရွးေဟာင္းနယ္ေျမေတြ အမ်ားႀကီးရွိတယ္။ ဒါေတြကို ျပဳျပင္ ထိန္းသိမ္းၿပီး အသုံးခ်ဖို႔ပဲလိုတယ္’လို႔ ေျပာပါတယ္။

မင္းကြန္းမွာ ႏိုင္ငံတကာခရီသြားဧည့္သည္မ်ားအတြက္ ဆိပ္ခံတံတား၊ မႏၱေလး မရမ္းၿခံ ဆိပ္ကမ္းမွာ ကမၻာလွည့္ခရီးသြားဆိပ္ကမ္းတခု တည္ေဆာက္ဖို႔ စတဲ့ လုပ္ငန္းမ်ားလည္း စီမံကိန္းမွာ ပါ၀င္ပါတယ္။
………………….. ။ ။ …………………………

ရှေးဟောင်းနယ်မြေငါးခုမှာ စီမံကိန်း ၉၀ကျော် အကောင်အထည်ဖော်မယ်
မန္တလေး၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်းနဲ့ မင်းကွန်း စတဲ့ ရှေးဟောင်းနယ်မြေဒေသငါးခုမှာ စီမံကိန်းလုပ်ငန်း ၉ဝ ကျော် အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီး ဌာန၊လက်ထောက်ညွှန်ကြား ရေးမှူး ဦးစန်းယုက ”နိုင်ငံတကာ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိစေဖို့နဲ့ မြန်မာ့ ခရီးသွား လုပ်ငန်းတိုးတက်စေဖို့ရည်ရွယ်ပြီး ဒီစီမံကိန်းတွေကို ပြည်ထောင်စု အဆင့်ကနေ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေနဲ့ ညှိနှိုင်းရေးဆွဲခဲ့ တာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ခရီးစဉ်အသစ်တွေ ဖော်ထုတ်စရာ မလိုလောက်အောင် ရှေးဟောင်းနယ်မြေတွေ အများကြီးရှိတယ်။ ဒါတွေကို ပြုပြင် ထိန်းသိမ်းပြီး အသုံးချဖို့ပဲလိုတယ်’လို့ ပြောပါတယ်။

မင်းကွန်းမှာ နိုင်ငံတကာခရီသွားဧည့်သည်များအတွက် ဆိပ်ခံတံတား၊ မန္တလေး မရမ်းခြံ ဆိပ်ကမ်းမှာ က္ဘာလှည့်ခရီးသွားဆိပ်ကမ်းတခု တည်ဆောက်ဖို့ စတဲ့ လုပ်ငန်းများလည်း စီမံကိန်းမှာ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)