အရက္ ၊ ေဆးလိပ္အခြန္ တိုးျမႇင့္ေကာက္ခံဖို႔ လႊတ္ေတာ္ တိုက္တြန္း

0
340

အရက္၊ ေဆးလိပ္၊ စီးကရက္တို႔ကို အခြန္တိုးျမႇင့္ ေကာက္ခံျပီး ျပည္တြင္းျပည္ပေခ်းေငြမ်ား ျပန္လည္ ေပးဆပ္ဖို႔ လႊတ္ေတာ္မွာ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ေအာက္တိုဘာ ၂၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု အစိုးရအပ္ေငြစာရင္းရဲ႕ လိုေငြအား ျဖည့္ဆည္းဖို႔အတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေခ်းေငြရ ယူဖို႔ ကိစၥနဲ႔ စပ္လ်ဥ္းျပီး ေဆြးေႏြးေျပာဆိုရင္း တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဘတ္ဂ်က္ လိုေငြေလၽွာ႔ခ်ဖို႔ ျပည္တြင္းျပည္ပေခ်းေငြမ်ား ျပန္လည္ ေပးဆပ္ႏိုင္ဖို႔အတြက္ အခြန္ေရွာင္သူမ်ားကို အေရးယူေဆာင္႐ြက္ပါ။ အရက္၊ ေဆးလိပ္၊ စီးကရက္တို႔ကိုအခြန္တိုးျမႇင့္ ေကာက္ခံပါ။ သယံဇာတ တူးေဖာ္ေရးလုပ္ငန္းမ်ားက ရသင့္ ရထိုက္တဲ့ ႏိုင္ငံေတာ္ရဲ႕ ဝင္ေငြမ်ား၊ မရဘဲက်န္ေနတဲ့ ေႂကြးက်န္မ်ားကို အျပည့္အဝရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္ပါလို႔လည္း လႊတ္ေတာ္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။
……………………… ။ ။ …………………………..

အရက် ၊ ဆေးလိပ်အခွန် တိုးမြှင့်ကောက်ခံဖို့ လွှတ်တော် တိုက်တွန်း
အရက်၊ ဆေးလိပ်၊ စီးကရက်တို့ကို အခွန်တိုးမြှင့် ကောက်ခံပြီး ပြည်တွင်းပြည်ပချေးငွေများ ပြန်လည် ပေးဆပ်ဖို့ လွှတ်တော်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်းရဲ့ လိုငွေအား ဖြည့်ဆည်းဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချေးငွေရ ယူဖို့ ကိစ္စနဲ့ စပ်လျဉ်းပြီး ဆွေးနွေးပြောဆိုရင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ဂျက် လိုငွေလျှော့ချဖို့ ပြည်တွင်းပြည်ပချေးငွေများ ပြန်လည် ပေးဆပ်နိုင်ဖို့အတွက် အခွန်ရှောင်သူများကို အရေးယူဆောင်ရွက်ပါ။ အရက်၊ ဆေးလိပ်၊ စီးကရက်တို့ကိုအခွန်တိုးမြှင့် ကောက်ခံပါ။ သယံဇာတ တူးဖော်ရေးလုပ်ငန်းများက ရသင့် ရထိုက်တဲ့ နိုင်ငံတော်ရဲ့ ဝင်ငွေများ၊ မရဘဲကျန်နေတဲ့ ကြွေးကျန်များကို အပြည့်အဝရရှိရေး ကြိုးပမ်းဆောင်ရွက်ပါလို့လည်း လွှတ်တော်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)