ကုလ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ သမ္မတ ဦးထင်ကျော် ပြော

0
316


……………………… ။ ။ …………………………

ကုလ ပြုပြင်ပြောင်းလဲဖို့လိုနေလို့ သမ္မတ ဦးထင်ကျော် ပြော

ကုလသမဂ္ဂအနေနဲ့ ပြုပြင်ပြောင်းလဲမှုများ ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာချိန်မှစလို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကို နိုင်ငံခြားရေးမူဝါဒရဲ့ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ် ထားတယ်။
မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနေ့အခါသမယမှာ ကုလသမဂ္ဂ ပဋိညာဉ်ပါ ရည်ရွယ်ချက်များနဲ့ အခြေခံမူများအပေါ် ယုံကြည်မှုအား ထပ်လောင်း အတည်ပြုလိုပြီး မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည အတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)