သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရး စာလႊာ လက္မွတ္ေရးထိုး

0
782

တ႐ုတ္ႏိုင္ငံအစိုးရရဲ႕ အေထာက္အပံ့နဲ႔ ေဆာင္႐ြက္မယ့္ ပုဂံေဒသရွိ သဗၺညဳေစတီေတာ္ ျပဳျပင္ထိန္းသိမ္းေရးအတြက္ သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရး စာလႊာလက္မွတ္ေရးထိုးပြဲ အခမ္းအနားကို စက္တင္ဘာ ၂၂ ရက္ေန႔က သဗၺညဳဘုရား ပထမပစၥယံရွိ အာ႐ုံခံလိုဏ္အတြင္း က်င္းပခဲ့ပါတယ္။

သဗၺညဳဘုရားဟာ ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ ဘုရားေတြအနက္က တစ္ဆူျဖစ္ေၾကာင္း၊ သဗၺညဳဘုရားဟာ ပုဂံရွိ ေစတီပုထိုးမ်ားအနက္ အလြန္ထင္ရွားတဲ့ ဉာဏ္ေတာ္အျမင့္ဆုံး ဘုရားတစ္ဆူ ျဖစ္ေၾကာင္း၊ သဗၺညဳဘုရားကို တ႐ုတ္ – ျမန္မာ ပူးေပါင္းျပဳျပင္ ထိန္းသိမ္းမွာ ျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။

တ႐ုတ္အစိုးရ ကိုယ္စား တ႐ုတ္သံအမတ္ႀကီး မစၥတာဟုန္လ်န္နဲ႔ ျမန္မာအစိုးရကိုယ္စား သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးထြန္းအုံတို႔က စာလႊာကို လက္မွတ္ေရးထိုးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အစိုးရရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်မယ့် ပုဂံဒေသရှိ သဗ္ဗညုစေတီတော် ပြုပြင်ထိန်းသိမ်းရေးအတွက် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့က သဗ္ဗညုဘုရား ပထမပစ္စယံရှိ အာရုံခံလိုဏ်အတွင်း ကျင်းပခဲ့ပါတယ်။

သဗ္ဗညုဘုရားဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဘုရားတွေအနက်က တစ်ဆူဖြစ်ကြောင်း၊ သဗ္ဗညုဘုရားဟာ ပုဂံရှိ စေတီပုထိုးများအနက် အလွန်ထင်ရှားတဲ့ ဉာဏ်တော်အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်ကြောင်း၊ သဗ္ဗညုဘုရားကို တရုတ် – မြန်မာ ပူးပေါင်းပြုပြင် ထိန်းသိမ်းမှာ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

တရုတ်အစိုးရ ကိုယ်စား တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နဲ့ မြန်မာအစိုးရကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က စာလွှာကို လက်မှတ်ရေးထိုးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)