သတင္းမီဒီယာအတတ္ပညာနဲ႔ လူငယ္ေတြ အသက္ေမြး၀မး္ေၾကာင္းျပဳနုိင္ဖုိ႔ (႐ုပ္/သံ)

0
241

မီဒီယာအတတ္ပညာကုိ စိတ္၀င္စားတဲ့ လူငယ္ေတြ သတင္းစာပညာရပ္နဲ႔ ပတ္သက္ၿပီး ပေရာ္ဖက္ရွင္နယ္တစ္ဦးအျဖစ္ ရပ္တည္နုိင္ဖို႔ ရည္ရြယ္သင္ၾကားေပးတာျဖစ္တယ္လုိ႔ ျမန္မာသတင္းပညာသိပၸံအသင္းက ေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားၿပီး စုိင္းဟန္က တင္ဆက္ေပးပါတယ္။

ျမန္မာႏုိင္ငံမွာ မီဒီယာ သတင္းပညာေရးနဲ႔ပတ္သက္တဲ့ အလုပ္အကုိင္ေတြကုိ စိတ္၀င္းစားတဲ့ လူငယ္ေတြကုိ လုပ္ငန္းခြင္မွာ စြမ္းရည္ထက္ျမက္တဲ့ သတင္းသမားတစ္ဦးအျဖစ္ရပ္တည္နုိင္ဖို႔ ရည္ရြယ္ၿပီး သင္ၾကားေမြး ထုတ္ေပးေနတာ ျဖစ္တယ္လုိ႔ ျမန္မာသတင္းပညာသိပၸံအသင္း (MJI )က ေျပာပါတယ္။

စက္တင္ဘာလ ၂၃ ရက္ေန႔က ရန္ကုန္ၿမဳိ႕ ဆူးေလရွန္ဂီလာဟုိတယ္မွာ ျမန္မာသတင္းပညာသိပၸံရဲ႕ အေထြေထြညီလာခံကို က်င္းပခဲ့တာပါ။

အင္တာဗ်ဴး ဦးေက်ာ္မင္းေဆြ (အမႈေဆာင္ ဒါ႐ုိက္တာ)
ျမန္မာသတင္းပညာသိပၸံအသင္း (MJI)

ဒါ့အျပင္ သတင္းစာပညာရပ္ရဲ႕ တစ္ႏွစ္ ဒီပလုိမာသင္တန္းကုိ နယ္ေတြနဲ႔ တုိင္းရင္းသားေဒသေတြက လူငယ္ေတြ အမ်ားဆုံးလာေရာက္ တက္ေရာက္ခဲ့တာျဖစ္ၿပီး သတင္းေရးသားနည္းေတြအျပင္ အြန္လုိင္း၊ ႐ုပ္သံဗီဒီယုိ႐ုိက္ကူးေရးနဲ႔ ပတ္သက္တဲ့ ပညာရပ္ေတြကုိလည္း သင္ၾကားေပးေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးေက်ာ္မင္းေဆြ (အမႈေဆာင္ ဒါ႐ုိက္တာ)
ျမန္မာသတင္းပညာသိပၸံအသင္း (MJI)

ျမန္မာသတင္းပညာသိပၸံအသင္းကုိ ၂၀၁၃ ခုႏွစ္မွာ စတင္ဖြဲ႔စည္းခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ တစ္ႏွစ္တစ္ႀကိမ္ ျမန္မာသတင္းပညာသိပၸံအသင္းကုိ ေရြးေကာက္ပြဲျပန္လည္လုပ္ေဆာင္ၿပီး ၂၀၁၈​-၂၀၁၉ ခုႏွစ္အတြက္ ဥကၠ႒အျဖစ္ ဦးျမင့္ေက်ာ္ နဲ႔ ဒုဥကၠ႒အျဖစ္ ဦးေဇယ်သူတုိ႔ကုိ ျပန္လည္ေရြးခ်ယ္ခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတင်းမီဒီယာအတတ်ပညာနဲ့ လူငယ်တွေ အသက်မွေးဝမး်ကြောင်းပြုနိုင်ဖို့

မီဒီယာအတတ်ပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေ သတင်းစာပညာရပ်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ်သင်ကြားပေးတာဖြစ်တယ်လို့ မြန်မာသတင်းပညာသိပ္ပံအသင်းက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပြီး စိုင်းဟန်က တင်ဆက်ပေးပါတယ်။

မြန်မာနိုင်ငံမှာ မီဒီယာ သတင်းပညာရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကို စိတ်ဝင်းစားတဲ့ လူငယ်တွေကို လုပ်ငန်းခွင်မှာ စွမ်းရည်ထက်မြက်တဲ့ သတင်းသမားတစ်ဦးအဖြစ်ရပ်တည်နိုင်ဖို့ ရည်ရွယ်ပြီး သင်ကြားမွေး ထုတ်ပေးနေတာ ဖြစ်တယ်လို့ မြန်မာသတင်းပညာသိပ္ပံအသင်း (MJI )က ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂီလာဟိုတယ်မှာ မြန်မာသတင်းပညာသိပ္ပံရဲ့ အထွေထွေညီလာခံကို ကျင်းပခဲ့တာပါ။

အင်တာဗျူး ဦးကျော်မင်းဆွေ (အမှုဆောင် ဒါရိုက်တာ)
မြန်မာသတင်းပညာသိပ္ပံအသင်း (MJI)

ဒါ့အပြင် သတင်းစာပညာရပ်ရဲ့ တစ်နှစ် ဒီပလိုမာသင်တန်းကို နယ်တွေနဲ့ တိုင်းရင်းသားဒေသတွေက လူငယ်တွေ အများဆုံးလာရောက် တက်ရောက်ခဲ့တာဖြစ်ပြီး သတင်းရေးသားနည်းတွေအပြင် အွန်လိုင်း၊ ရုပ်သံဗီဒီယိုရိုက်ကူးရေးနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း သင်ကြားပေးနေတာဖြစ်ပါတယ်။

အင်တာဗျူး ဦးကျော်မင်းဆွေ (အမှုဆောင် ဒါရိုက်တာ)
မြန်မာသတင်းပညာသိပ္ပံအသင်း (MJI)

မြန်မာသတင်းပညာသိပ္ပံအသင်းကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တစ်နှစ်တစ်ကြိမ် မြန်မာသတင်းပညာသိပ္ပံအသင်းကို ရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ပြီး ၂၀၁၈​-၂၀၁၉ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ကျော် နဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးဇေယျသူတို့ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)