
0
1385




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Yangon New World စီမံကိန်းအတွက် ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံမယ်

ဇေကမ္ဘာ ကုမ္ပဏီက ရန်ကုန်မြို့ရဲ့ အကြီးဆုံး စီမံကိန်းတစ်ခုဖြစ်တဲ့ Yangon New World စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ရရှိပြီးပါက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဟောင်း နေရာရှိ မြေဧက ၁၄ ဧက ပေါ်မှာ အကောင်အထည် ဖော်မှာဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် အပါအဝင် လူနေအိမ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဈေးဆိုင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက China State Construction Engineering Corporation နဲ့ ဇေကမ္ဘာ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်တဲ့ အဲဒီ Yangon New World စီမံကိန်းမှာ တရုတ်ကုမ္ပဏီက ၆ဝ ရာခိုင်နှုန်း၊ ဇေကမ္ဘာ ကုမ္ပဏီက ၄ဝ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)