ေရႊႀတိဂံနယ္ေျမမွာ နယ္စပ္ စီးပြားေရးဇုန္ တည္ေဆာက္ဖို႔ ထိုင္းအစိုးရ ေလ့လာ

0
1094

လန္ကန္-မဲေခါင္ ပူးေပါင္းေဆာင္ရြက္ေရး စီမံခ်က္အရ ေရႊႀတိဂံနယ္ေျမမွာ နယ္စပ္ စီးပြားေရးဇုန္ တည္ေဆာက္ၿပီး ထိုင္း၊ ျမန္မာ၊ လာအိုနဲ႔ တ႐ုတ္ႏို္င္ငံတို႔ စီးပြားေရး ခ်ိတ္ဆက္မႈ ခ်ဲ႕ထြင္ဖို႔ ထိုင္းအစိုးရက ျဖစ္ႏိုင္ေျခကို ေလ့လာေနပါတယ္။

ကုန္သြယ္မႈ ညွိႏိႈင္းေရးဌာန အေထြေထြညႊန္ၾကားေရးမွဴး ေအာ္ရာမြန္ဆူသာဝီသြန္က ခ်င္း႐ိုင္ျပည္နယ္မွာ ဇုန္တစ္ခု တည္ေဆာက္ဖို႔ ထိုင္းကုန္သည္ႀကီးမ်ား အသင္းနဲ႔ ထိုင္းစက္မႈလုပ္ငန္း ဖက္ဒေရးရွင္းတို႔နဲ႔ ေဆြးေႏြးေနတယ္လို႔ ေျပာေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ေရႊႀတိဂံနယ္ေျမက ထိုင္း၊ လာအိုနဲ႔ ျမန္မာတို႔နဲ႔ ထိစပ္ေနလို႔ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္၊ ခ်င္း႐ိုင္ျပည္နယ္ထဲရွိ ခ်င္းဆန္နဲ႔ ခ်င္းေခါင္ ေဒသတို႔က အေကာင္းဆံုး ေရြးခ်ယ္မႈ ျဖစ္ပါလိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။ လန္ကန္-မဲေခါင္ ပူးေပါင္းေဆာင္ရြက္ေရးကို ၂၀၁၅ ခုႏွစ္က စတင္ခဲ့တာ ျဖစ္ၿပီး မဲေခါင္ျမစ္တစ္ေလွ်ာက္ရွိ ကေမာၻဒီယား၊ တ႐ုတ္၊ လာအို၊ ျမန္မာ၊ ထိုင္းနဲ႔ ဗီယက္နမ္တို႔ ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေတြိဂံနယ်မြေမှာ နယ်စပ် စီးပွားရေးဇုန် တည်ဆောက်ဖို့ ထိုင်းအစိုးရ လေ့လာ

လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စီမံချက်အရ ရွှေတြိဂံနယ်မြေမှာ နယ်စပ် စီးပွားရေးဇုန် တည်ဆောက်ပြီး ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်နိ်ုင်ငံတို့ စီးပွားရေး ချိတ်ဆက်မှု ချဲ့ထွင်ဖို့ ထိုင်းအစိုးရက ဖြစ်နိုင်ခြေကို လေ့လာနေပါတယ်။

ကုန်သွယ်မှု ညှိနှိုင်းရေးဌာန အထွေထွေညွှန်ကြားရေးမှူး အော်ရာမွန်ဆူသာဝီသွန်က ချင်းရိုင်ပြည်နယ်မှာ ဇုန်တစ်ခု တည်ဆောက်ဖို့ ထိုင်းကုန်သည်ကြီးများ အသင်းနဲ့ ထိုင်းစက်မှုလုပ်ငန်း ဖက်ဒရေးရှင်းတို့နဲ့ ဆွေးနွေးနေတယ်လို့ ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ရွှေတြိဂံနယ်မြေက ထိုင်း၊ လာအိုနဲ့ မြန်မာတို့နဲ့ ထိစပ်နေလို့ အသင့်တော်ဆုံး ဖြစ်ပါတယ်၊ ချင်းရိုင်ပြည်နယ်ထဲရှိ ချင်းဆန်နဲ့ ချင်းခေါင် ဒေသတို့က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၁၅ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး မဲခေါင်မြစ်တစ်လျှောက်ရှိ ကမ္ဘောဒီယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)