အိႏၵိယ ေရတပ္သေဘၤာ ၂ စီး ရန္ကုန္ကို အလည္အပတ္ လာေရာက္

0
1586

အိႏိၵယႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကားရွိ ႏွစ္ႏုိင္ငံဆုိင္ရာ က႑အလုိက္ ပူးေပါင္းေဆာင္ရြက္မႈ အစိတ္အပိုင္းတစ္ရပ္အျဖစ္ အိႏိၵယ ေရတပ္သေဘၤာ ၂ စီး ရန္ကုန္ၿမိဳ႕ကို အလည္အပတ္ ေရာက္ရွိေနပါတယ္။

 

 

ကူလစ္ရွ္ (Kulish) နဲ႔ ဘတ္တီမာလတ္ဗ္ (Battimalv) သေဘၤာ ၂ စီးဟာ အိႏိၵယေရတပ္က ေဒၚနီယာရဟတ္ယာဥ္နဲ႔အတူ စက္တင္ဘာ ၂၄ ရက္ေန စက္တင္ဘာ ၂၆ အထိ ၇ ႀကိမ္ေျမာက္ အိႏိၵယ-ျမန္မာ ပူးတြဲကင္းလွည့္ျခင္း အခမ္းအနားဖြင့္ပြဲအတြက္ လာေရာက္တာ ျဖစ္တယ္လို႔ ရန္ကုန္ရွိ အိႏၵိယသံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

အိႏၵိယႏိုင္ငံ၊ ပို႔ဘလဲက ေရတပ္စခန္းတပ္မွဴး ဗိုလ္မွဴးခ်ဳပ္ အာ႐ႈတို ရီဒိုရာကာ က အႀကီးတန္း အရာရွိအျဖစ္ လိုက္ပါလာမွာ ျဖစ္ပါတယ္။ သေဘၤာေတြမွာ လက္နက္ေတြနဲ႔ အာ႐ံုခံ ကိရိယာေတြ အမ်ားအျပား တပ္ဆင္ထားၿပီး ကူလစ္ရွ္ သေဘၤာေပၚမွာ ဝန္ထမ္း ၁၂၀ ေက်ာ္၊ ဘတ္တီမာလတ္ဗ္ သေဘၤာေပၚမွာ ဝန္ထမ္း ၅၀ ေက်ာ္ ပါရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ရေတပ်သင်္ဘော ၂ စီး ရန်ကုန်ကို အလည်အပတ် လာရောက်

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြားရှိ နှစ်နိုင်ငံဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်း တစ်ရပ်အဖြစ် အိန္ဒိယ ရေတပ်သင်္ဘော ၂ စီး ရန်ကုန်မြို့ကို အလည်အပတ် ရောက်ရှိနေပါတယ်။

ကူလစ်ရှ် (Kulish) နဲ့ ဘတ်တီမာလတ်ဗ် (Battimalv) သင်္ဘော ၂ စီးဟာ အိန္ဒိယရေတပ်က ဒေါ်နီယာ ရဟတ်ယာဉ်နဲ့အတူ စက်တင်ဘာ ၂၄ ရက်နေ စက်တင်ဘာ ၂၆ အထိ ၇ ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်း အခမ်းအနားဖွင့်ပွဲအတွက် လာရောက်တာ ဖြစ်တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲက ရေတပ်စခန်းတပ်မှူး ဗိုလ်မှူးချုပ် အာရှုတို ရီဒိုရာကာ က အကြီးတန်း အရာရှိအဖြစ် လိုက်ပါလာမှာ ဖြစ်ပါတယ်။ သင်္ဘောတွေမှာ လက်နက်တွေနဲ့ အာရုံခံ ကိရိယာတွေ အများအပြား တပ်ဆင်ထားပြီး ကူလစ်ရှ် သင်္ဘောပေါ်မှာ ဝန်ထမ်း ၁၂၀ ကျော်၊ ဘတ်တီမာလတ်ဗ် သင်္ဘောပေါ်မှာ ဝန်ထမ်း ၅၀ ကျော် ပါရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)