ေရႀကီး နစ္ျမဳပ္မႈေတြေၾကာင့္ စပါးေစ်း ထိခိုက္ႏိုင္မႈ မရွိ

0
115

ေရႀကီးနစ္ျမဳပ္မႈေတြေၾကာင့္ စပါးေစ်းကို ထိခိုက္ႏုိင္မႈမရွိဘူးလို႔ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

မိုးသည္းထန္စြာရြာသြန္းၿပီး၊ ျမစ္ေရျမင့္တက္မႈေၾကာင့္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အခ်ိဳ႕ရွိ လူေနအိမ္ေတြနဲ႔ စပါးစိုက္ခင္းေတြ နစ္ျမႈပ္မႈ ျဖစ္ေပၚခဲ႔တာ ျဖစ္ပါတယ္။

အဲဒီလို ေရႀကီးနစ္ျမႇဳပ္မႈေတြရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္ စပါးစိုက္ပ်ိဳးဧကတခ်ိဳ႕ ပ်က္ဆီးဆံုး႐ံႈးခဲ့ေပမယ့္ ျပည္တြင္းမွာ စားသံုးေနတဲ့ ဆန္စပါးေစ်းကြက္ကို ထိခိုက္မႈမရွိႏုိင္ဘူးလို႔ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္က ေျပာပါတယ္။

ၾသဂုတ္လ၊ ၂၃ ရက္ေန႔က UMFCCI မွာ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္က သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။

Sound Bite ; ဦးေက်ာ္၀င္း (ဥကၠဌ) ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း

ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္အေနနဲ႔ ေရႀကီးနစ္ျမႇဳပ္ခဲ့တဲ့ စိုက္ပ်ိဳးဧကေတြမွာ ျပန္လည္စိုက္ပ်ိဳးႏုိင္ဖို႔ အစီအမံေတြ ေရးဆြဲထားၿပီး ေတာင္သူတြကို ကူညီသြားဖို႔ရွိတယ္လို႔  ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌက ေျပာပါတယ္။

Sound Bite : ဦးေသာင္း၀င္း (ဒုတိယ ဥကၠဌ) ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္

အခုလက္ရွိမွာ ျမန္မာႏိုင္ငံကေန တ႐ုတ္ႏုိင္ငံနယ္စပ္ကို ဆန္တင္ပို႔မႈ အခက္အခဲရွိတဲ့အတြက္ ၿပီးခဲဲ႔တဲဲဲ႔ႏွစ္ ဆန္တင္ပို႔မႈ ႏႈန္းထားေတြနဲ႔ ယွဥ္ရင္ေလ်ာ့က်ေနတာျဖစ္ၿပီး၊ ျပည္ပတင္ပို႔မႈ တန္ခ်ိန္အားျဖင့္ ၂ ဒသမ ၄ သန္း ၀န္းက်င္ ရွိႏုိင္မယ္လို႔ ခန္႔မွန္းထားတာေၾကာင့္ ျပည္တြင္းမွာ စပါးလက္က်န္ေတြရွိေနတယ္လို႔ ဆန္စပါးေရာင္းဝယ္သူေတြကေျပာပါတယ္ခင္ဗ်ာ။

ရေကြီးနစ်မြုပ်မှုတွေကြောင့် စပါးဈေး ထိခိုက်နိုင်မှု မရှိ


ရေကြီးနစ်မြုပ်မှုတွေကြောင့် စပါးဈေးကို ထိခိုက်နိုင်မှုမရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။


မိုးသည်းထန်စွာရွာသွန်းပြီး၊ မြစ်ရေမြင့်တက်မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ရှိ လူနေအိမ်တွေနဲ့ စပါးစိုက်ခင်းတွေ နစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရေကြီးနစ်မြှုပ်မှုတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် စပါးစိုက်ပျိုးဧကတချို့ ပျက်ဆီးဆုံးရှုံးခဲ့ပေမယ့် ပြည်တွင်းမှာ စားသုံးနေတဲ့ ဆန်စပါးဈေးကွက်ကို ထိခိုက်မှုမရှိနိုင်ဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောပါတယ်။


သြဂုတ်လ၊ ၂၃ ရက်နေ့က UMFCCI မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
Sound Bite ; ဦးကျော်ဝင်း (ဥက္ကဌ) မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ရေကြီးနစ်မြှုပ်ခဲ့တဲ့ စိုက်ပျိုးဧကတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ အစီအမံတွေ ရေးဆွဲထားပြီး တောင်သူတွကို ကူညီသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌက ပြောပါတယ်။
Sound Bite : ဦးသောင်းဝင်း (ဒုတိယ ဥက္ကဌ) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်


အခုလက်ရှိမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံနယ်စပ်ကို ဆန်တင်ပို့မှု အခက်အခဲရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ် ဆန်တင်ပို့မှု နှုန်းထားတွေနဲ့ ယှဉ်ရင်လျော့ကျနေတာဖြစ်ပြီး၊ ပြည်ပတင်ပို့မှု တန်ချိန်အားဖြင့် ၂ ဒသမ ၄ သန်း ဝန်းကျင် ရှိနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်တွင်းမှာ စပါးလက်ကျန်တွေရှိနေတယ်လို့ ဆန်စပါးရောင်းဝယ်သူတွေကပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)