နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံ အမတ်ကြီး တို့ တွေ့ဆုံ

0
135




နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံ အမတ်ကြီး တို့ တွေ့ဆုံ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန် သံအမတ်ကြီး Mr. Qaley Allahverdiyev နှင့် အဖွဲ့ကို မနေ့ကသြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။


တွေ့ဆုံစဉ် မြန်မာ-အဇာဘိုင်ဂျန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ ယခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်အထိ အဇာဘိုင်ဂျန် နိုင်ငံ၊ ဘာကူးမြို့မှာ ကျင်းပမယ့်ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ရဲ့ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက ပါဝင်တက်ရောက်ရေးနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အဲဒီ ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်ဖို့ ဖိတ်ကြား စာတွေကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား သံအမတ်ကြီးက ပေးအပ်ခဲ့ပါတယ်။


တွေ့ဆုံပွဲမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)