လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းကုိ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူ

0
182

ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းအေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔  အမႈဖြင့္လွစ္ အေရးယူလုိက္ေၾကာင္း အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္ သတင္းထုတ္ျပန္ထားပါတယ္။ 

ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေက်ာ္မ်ဳိးမင္းဟာ အင္းသားႀကီးေတြထံက လာဘ္ေငြေတာင္း ယူမႈနဲ႔ အဂတိလိုက္စားမႈ တုိ္က္ဖ်က္ေရးေကာ္မရွင္က အေရးယူခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ ေၾကးတိုင္ အင္း သက္တမ္းတိုး ေလၽွာက္ထားတဲ့ အင္းေတြနဲ႔ပက္သက္ၿပီး အင္းသားႀကီးေတြ ထံက ေငြက်ပ္ (၃၅)သိန္းနဲ႔  ေငြက်ပ္ (၃၂)သိန္းတို႔ကို (၂)ႀကိမ္ ေတာင္းခံ ရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာပါ။ 

ဦးေက်ာ္မ်ိဳးမင္းဟာ မိုးညိဳၿမိဳ႕နယ္ အတြင္းရွိ အင္းသားႀကီး (၉)ဦးကုိ  ေနာက္ထပ္ အင္းသက္တမ္း(၃)ႏွစ္ ေၾကးတိုင္ရေအာင္ တာဝန္ယူလုပ္ေပးမယ္ဟုဆုိကာ  ေျပာၾကာေငြေၾကးေတြ ေတာင္းယူၿပီး ကိုယ္က်ိဳး အလြဲသုံးျခင္း ျပဳလုပ္ခဲ့တာေၾကာင့္ စစ္ေဆးအေရးယူေပးပါရန္ ေကာ္မရွင္ကုိ တုိင္ၾကားခံခဲ့ရတာ ျဖစ္ပါတယ္။

လက္ရွိမွာ ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္း အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕မရဲစခန္းမွာ  ၂၃-၈-၂၀၁၉ ရက္ေန႔မွာ ပထမ သတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ၿပီး တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ


ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ အင်းသားကြီးတွေထံက လာဘ်ငွေတောင်း ယူမှုနဲ့ အဂတိလိုက်စားမှု တိ်ုက်ဖျက်ရေးကော်မရှင်က အရေးယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင် အင်း သက်တမ်းတိုး လျှောက်ထားတဲ့ အင်းတွေနဲ့ပက်သက်ပြီး အင်းသားကြီးတွေ ထံက ငွေကျပ် (၃၅)သိန်းနဲ့ ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။


ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး (၉)ဦးကို နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမယ်ဟုဆိုကာ ပြောကြာငွေကြေးတွေ တောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်း ပြုလုပ်ခဲ့တာကြောင့် စစ်ဆေးအရေးယူပေးပါရန် ကော်မရှင်ကို တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းမှာ ၂၃-၈-၂၀၁၉ ရက်နေ့မှာ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)