ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU / KNLA) ၏ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှု

0
181

● KNU / KNLA သည် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများအား အဓိက ထောက်ခံမှုပြုခဲ့သည်။

● ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ဒေသများတွင် မြန်မာစစ်တပ်နှင့် KNU/KNLA အကြား တိုက်ပွဲများသည် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုသည်အထိ အာဏာသိမ်းချိန်မှ စတင်ကာ သိသိသာသာ မြင့်မား တိုးပွားလာခဲ့သည်။

● အာဏာသိမ်းမှု မတိုင်မီကာလများတွင်မူ KNU/KNLA တပ်မဟာ (၅) ဒေသလှုပ်ရှားနေသော ထိုအုပ်စု နှစ်စုအကြား ပဋိပက္ခများ တိုးမြင့်လာခဲ့သည်။

● အထူးသဖြင့် ဖားဆောင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်ကာ မြင့်တက်လာသည်အား တွေ့ရသည်။ (အောက်ခြေမြေပုံတွင်ကြည့်ပါ) –

● KNU/KNLA ခေါင်းဆောင်အချို့ဟာ  စစ်တပ်နှင့် စကားပြောရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားမှုများနှင့် ကြေညာချက်ထုတ်ပြန်မှုများကိုလည်း တွေ့ရှိခဲ့ရသည်။

● ဒါပေမယ့်လည်း KNU/KNLA တပ်မဟာ (၅) မှမူ အာဏာသိမ်းမှုအား ငြင်းပယ်၊ ဆန်ကျင့်ကြောင်းများအား အထူးထုတ်ဖော်ပြောဆိုခဲ့သည်။ ( Irrawaddy, 20 May 2021 )

● KNU လက်အောက်တွင် လှုပ်ရှားနေသော ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO-Karen National Defense Organization) ၏ ခေါင်းဆောင် နှစ်ဦးအား ရာထူးမှ ဆိုင်းငံခဲ့သည့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အငြင်းပွားမှုများတွင် KNU အတွင်းမှာ ရှိနေသည့် ဂိုဏ်းဂဏအခြေခံဝါဒများအား တွေ့မြင်နိုင်သည်။

●  ရာထူးမှ ဆိုင်းငံခဲ့သည့် KNDO ခေါင်းဆောင် နှစ်ဦးတွင် – (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည့် KNU ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မြ) ၏ သားဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ပါဝင်နေတာပါ။

●  KNU ၏ ထိန်းသိမ်း စောင့်ရှောက်မှု အောက်ရှိ အရပ်သား အကျဉ်းသားများအား သတ်ဖြတ်မှုတွင် တာဝန်ရှိသည်ဟု အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

● သို့သော်လည်း KNDO ခေါင်းဆောင်များကမူ “သေဆုံးသူများမှာ အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီ၏ တပ်သားများ ဖြစ်သည်ဟု” စစ်ကောင်စီရဲ့ စွပ်စွဲချက်အပေါ် ငြင်းဆိုထားသည်။ ( Myanmar Now, 2021 July 2021 )

● ကရင်လက်နက်ကိုင်အဖွဲ့များအကြား ပိုမိုစည်းလုံးညီညွှတ်ရေး တောင်းဆိုမှုများရှိနေသော်လည်း ဆက်လက်ဖြစ်ပွားနေသော ဂိုဏ်းဂဏအခြေခံဝါဒသည် လက်ရှိအဖွဲ့များကို ထပ်မံကွဲကွဲပြားပြားဖြစ်ပေါ်စေနိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

REF : ACLED : MYANMAR’S SPRING REVOLUTION

[အမေရိကန်ပြည်ထောင်စု အခြေစိုက် ACLED အဖွဲ့မှ ပြုစု ထုတ်ပြန်ထားတဲ့ MYANMAR’S SPRING REVOLUTION “မြန်မာ့ နွေဦး တော်လှန်ရေးအား လေ့လာဆန်းစစ်မှု အစီရင်ခံစာ” တွင် ပါဝင်သည့်  အကြောင်းအရာများအား MCN TV NEWS မှ ရုပ်/သံ အစီအစဉ်များအဖြစ် ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။]

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)