ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ၏ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှု

0
191

● KIO/KIA သည် အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လှုပ်ရှားမှုကို ထောက်ခံကြောင်း အများအားဖြင့် ဖော်ပြခဲ့သည်။

● အာဏာသိမ်းမှုသည် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားစေခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှ စပြီး တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့သည်။

● KIO / KIA သည် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မိုးမောက်မြို့နယ်ရှိ အယ်လာဘွမ်ကဲ့သို့သော မြန်မာစစ်တပ်၏ အဓိကစခန်းများကို ရယူနိုင်ခဲ့သည်။

● မိုးမောက်မြို့နယ်သည် စစ်တပ်မှ အာဏာသိမ်း ပြီးနောက် စစ်တပ်နှင့် KIO/KIA အကြား တိုက်ပွဲများ အများဆုံး ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။ (အောက်တွင် ဖော်ပြထားသော မြေပုံကိုကြည့်ပါ)

● KIO / KIA သည်ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုံမှန် ထိန်းချုပ်ဒေသများ အပြင်ဘက်တွင် လည်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းနေရာများအား ပစ်မှတ်ထားခဲ့သည်။

● အချက်အလက် အထောက်အပံ့နှင့် လက်တွေ့အထောက်အထားများ ဖော်ပြခြင်းများရှိသော်လည်း KIO / KIA ကို NUG ၏ ထိန်းချုပ်မှုအောက်တွင် လုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းရန် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။

●  KIO/KIA ကမူ သူတို့၏ ဒေသများတွင် လှုပ်ရှားနေသော မည်သည့် လက်နက်ကိုင်အဖွဲ့များမဆို သူတို့၏ ထိန်းချုပ်မှုအောက်တွင်မှသာ ဆောင်ရွက်ကြဖို့ အတိအလင်းပြောကြားခဲ့သည် (ဧရာဝတီ 2 ဇွန် 2021 ) ။

● မကြာသေးမီက KIO/KIA အဖွဲ့ဝင်များသည် စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေစဉ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပူးပေါင်းလာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ (အောက်ဖော်ပြပါ အခန်းတွင် ကြည့်ပါ။)

● သို့သော် ထိုအုပ်စုက မိမိတို့၏ အဖွဲ့ဝင်များအား ထိုသို့ပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း ငြင်းဆိုခဲ့ သည်။ (မြန်မာနောင်း၊ဇွန် ၂၉ ရက် ၂၀၂၁ )

REF : ACLED : MYANMAR’S SPRING REVOLUTION

[အမေရိကန်ပြည်ထောင်စု အခြေစိုက် ACLED အဖွဲ့မှ ပြုစု ထုတ်ပြန်ထားတဲ့ MYANMAR’S SPRING REVOLUTION “မြန်မာ့ နွေဦး တော်လှန်ရေးအား လေ့လာဆန်းစစ်မှု အစီရင်ခံစာ” တွင် ပါဝင်သည့်  အကြောင်းအရာများအား MCN TV NEWS မှ ရုပ်/သံ အစီအစဉ်များအဖြစ် ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။]

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)