စစ်အာဏာသိမ်းမှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ တုံ့ပြန်မှု

0
285

● ၂၀၂၀ ရွေးကောက်ပွဲအပြီး မကြာမီ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်တပ် အ ကြား ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်မြို့နယ်နှင့် ရခိုင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခသည် လုံးဝ ရပ်တန့်သွား ခဲ့သည်။

● အာဏာသိမ်းပြီးနောက် စစ်တပ်က အကြမ်းဖက်အဖွဲ့သက်မှတ်ထားတဲ့ စာရင်းကနေ (ULA/AA) ကို ဖယ် ရှားခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံ၊ လူပုဂ္ဂိုလ်အချို့အား စွဲချက် တင်မှုများ အား ပယ်ဖျက်ပေးခဲ့သည်။ (ဧရာဝတီ, 17 ဇွန် 2021 ) ။

● အပြန်အလှန်အားဖြင့် ULA / AA မှလည်း ဖမ်းဆီးထားသည့် စစ်တပ်နှင့် ရဲအရာရှိအချို့ကို လွှတ်ပေးခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နှစ်ဖက်အုပ်စုများအကြား တိုက်ပွဲများ မရှိသေးပါ။

● ULA / AA သည် NUG မှဆွေးနွေးမှုများအတွက် ငြင်းပယ်ခဲ့သည်။

● ဤအတောအတွင်း ရှမ်းပြည်နယ်အတွင်းက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှလွဲ၍ မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းဒေသအားလုံး အတွင်းမှ ရခိုင်ပြည်နယ်သည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တွင် အနိမ့်ဆုံး အဖြစ်အပျက် (၃၇) ခုဖြင့် မှတ်တမ်း တင်ထားသည်။ (ဇွန်လ ၃၀ ရက်အထိ)
အောက်တွင် ဖော်ပြထားသော မြေပုံကိုကြည့်ပါ။ –

● အချို့သော ရခိုင်လူထုအခြေပြု အဖွဲ့အစည်းများက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြော ကြားခဲ့ကြသည်။

● ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်အထက်တန်းလွှာများကမူ စစ်တပ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ကမ်းလှမ်းတဲ့ ရာထူးကို လက်ခံမှုများ ရှိခဲ့သည်။

● အချို့သည် နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည် (ဧရာဝတီ၊ ၂၀၂၁ မေလ ၇ ရက် )။

● (ANP) က ပြည်နယ်တွင် အမတ်နေရာအများစု အနိုင်ရသော်လည်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးမှ စတင် ကာ NLD အပေါ် သဘောထား ကွဲလွဲမှုများနှင့် မကျေနပ်မှုများရှိခဲ့သည်။ (Frontier Myanmar, 13 February 2021)

● ရိုဟင်ဂျာအရေးနှင့်အတူ လူမျိုးရေးများပါ ပါဝင်နေသည့် ရခိုင်ပြည်နယ်မှ ပဋိပက္ခများသည် နိုင်ငံရေးအရ အဖြေရှာနိုင်ခြင်းမရှိသေးဘဲ အရပ်သားများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်သည်။

● ရှမ်းပြည်နယ်အတွင်းမှ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA က ပြောကြားထားဖူးသည်။

● ထို့ကြောင့် စစ်တပ်ထံက ရခိုင်ပြည်နယ်အပေါ် လိုက်လျောမှုများ ဆက်ရှိနေမှသာ လက်ရှိ ဒေသတွင်း တိုက်ပွဲတွေ မရှိသေးတဲ့ အခြေအနေကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

● လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော ပြည်နယ်မြောက်ပိုင်းအပေါ် ULA/AA သည် ၎င်း၏ ဩဇာအများစုကို စုစည်းတဲ့ အခြေအနေမျိုး ရှိသည်။ (ထရန်စနင့်တက္ကသိုလ်၊ ဇွန် ၁၀ ရက် ၂၀၂၁ ).

REF : ACLED : MYANMAR’S SPRING REVOLUTION

[အမေရိကန်ပြည်ထောင်စု အခြေစိုက် ACLED အဖွဲ့မှ ပြုစု ထုတ်ပြန်ထားတဲ့ MYANMAR’S SPRING REVOLUTION “မြန်မာ့ နွေဦး တော်လှန်ရေးအား လေ့လာဆန်းစစ်မှု အစီရင်ခံစာ” တွင် ပါဝင်သည့်  အကြောင်းအရာများအား MCN TV NEWS မှ ရုပ်/သံ အစီအစဉ်များအဖြစ် ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။]

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)