ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး တည်ဆောက်ဖို့ရှိ

0
131




ရခိ်ုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး တည်ဆောက်ဖို့ရှိ


ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


ဇူလိုင်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှာ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး ဆောက်လုပ်ဖို့ ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့တာပါ။


အဲဒီ အသင်းရုံးကို မြေဧက ၃ ဧကပေါ်မှာ အလျား ပေ ၉၀၊ အနံ ပေ ၅၀ ရှိ RC သုံးထပ် အဆောက်အအုံ ဆောက်လုပ်သွားမှာ ဖြစ်ပြီး ညီနောင်အသင်းနဲ့ အသင်းခွဲတွေ၊ သင်တန်း ခန်းမတွေ၊ အစည်းအဝေး ခန်းမတွေ ပါဝင်မှာ ဖြစ်ပါတယ်။