တစ္ဖက္ကမ္းက ရြာကို ကူးၿပီး ေျမအျငင္းပြား၊ အျပန္မွာ စက္ေလွေမွာက္ၿပီး ၃၉ ဦး ေပ်ာက္ဆံုး

0
217

မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ ဧရာဝတီျမစ္အတြင္း ဇူလိုင္လ ၂၃ ရက္ေန႔မွာ ဖရဲကြ်န္းေက်းရြာက စက္ေလွ ေမွာက္လို႔ လူ ၃၉ ဦး ေပ်ာက္ဆံုးခဲ့ပါတယ္။

ေရနံေခ်ာင္းၿမိဳကနယ္၊ ဖရဲကြ်န္းေက်းရြာက ရြာသူရြာသား ၁၅၀ ခန္႔ဟာ ဇူလိုင္လ ၂၃ ရက္၊ ညေနပိုင္းမွာ ကန္သာေက်းရြာကို စက္ေလွႏွစ္စီးနဲ႔ အျငင္းပြားေျမေပၚ ေဆာက္လုပ္ထားတဲ့ ေနအိမ္ႏွစ္လံုးကိစၥ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ပါတယ္။ ေလးခြ၊ တုတ္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္ၿပီး ညေန ၄ နာရီ ၄၀ မိနစ္မွာ ဖရဲကြ်န္းေက်းရြာကို ျပန္လည္ ထြက္ေျပးစဥ္ ဧရာဝတီျမစ္အတြင္း စက္ေလွတိမ္းေမွာက္ခဲ့တာပါ။

ေပ်ာက္ဆံုးသြားတဲ့ လူ ၃၉ ဦးအနက္ ဒီေန႔ ဇူလိုင္လ ၂၄ ရက္ေန႔ မနက္အထိ အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၄ ဦးကိုသာ ေသဆံုးလ်က္ ျပန္လည္ ေတြ႔ရွိခဲ့ပါတယ္။ မေကြးခ႐ိုင္က တာဝန္ရွိသူေတြ၊ မီးသတ္တပ္ဖြဲ႔ဝင္ေတြ၊ ၾကက္ေျခနီ တပ္ဖြဲ႔ေတြနဲ႔ ရွာေဖြကယ္ဆယ္ေရး လုပ္ငနး္ေတြ လုပ္ေဆာင္ေနပါတယ္။  

တစ်ဖက်ကမ်းက ရွာကို ကူးပြီး မြေအငြင်းပွား၊ အပြန်မှာ စက်လှေမှောက်ပြီး ၃၉ ဦး ပျောက်ဆုံး


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖရဲကျွန်းကျေးရွာက စက်လှေ မှောက်လို့ လူ ၃၉ ဦး ပျောက်ဆုံးခဲ့ပါတယ်။


ရေနံချောင်းမြိုကနယ်၊ ဖရဲကျွန်းကျေးရွာက ရွာသူရွာသား ၁၅၀ ခန့်ဟာ ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းမှာ ကန်သာကျေးရွာကို စက်လှေနှစ်စီးနဲ့ အငြင်းပွားမြေပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်နှစ်လုံးကိစ္စ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ လေးခွ၊ တုတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ညနေ ၄ နာရီ ၄၀ မိနစ်မှာ ဖရဲကျွန်းကျေးရွာကို ပြန်လည် ထွက်ပြေးစဉ် ဧရာဝတီမြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။


ပျောက်ဆုံးသွားတဲ့ လူ ၃၉ ဦးအနက် ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်အထိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦးကိုသာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ပါတယ်။ မကွေးခရိုင်က တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီ တပ်ဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငနး်တွေ လုပ်ဆောင်နေပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)