MMA စိတ္၀င္စားသူေတြ နိုင္ငံတကာသင္တန္း တက္နိုင္ေတာ႔မယ္ (႐ုပ္/သံ)

0
359

အရည္အခ်င္းရွိတဲ့ လူငယ္မ်ဳိးဆက္သစ္ MMA အားကစားသမားေတြကုိ ႏုိင္ငံတကာကသင္တန္းေတြ တက္ေရာက္ႏုိင္ဖုိ႔ MMA Team က ကူညီေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိေထာက္ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားပါ တယ္။

ျပည္တြင္းက အရည္အခ်င္းရွိတဲ့ လူငယ္မ်ဳိးဆက္သစ္ MMA အားကစားသမားေတြကုိ ႏုိင္ငံတကာကသင္တန္းေတြ တက္ေရာက္ႏုိင္ဖုိ႔ အကူအညီေပးသြားမယ္လို႔ MMA Team ရဲ႕ အဖြဲ႕ေခါင္းေဆာင္ ဖိုးေသာ္က ေျပာပါတယ္။

ဇူလုိင္လ ၂၄ ရက္ေန႔ ရန္ကုန္ၿမဳိ႕ Junction City Office Tower မွာ MMA Fighter ဖုိးေသာ္နဲ႔ ေရွ႕ေနကုမၸဏီ VDB Loi Myanmar တုိ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိတဲ့ အခမ္းအနားမွာ အခုလို ေျပာခဲ့တာပါ။

Soundbite – ဖုိးေသာ္ (Team PT) MMA Fighter

ဒါ့အျပင္ ၀ါသနာပါတဲ့ အနာဂတ္ လူငယ္အားကစားသမားေတြကုိ တတ္စြမ္းသေရြ႕ ကူညီေပးသြားမယ့္အျပင္ ပေရာ္ဖက္ရွင္နယ္ျဖစ္ခ်င္တဲ့ MMA လူငယ္အားကစားသမားေတြကုိ ေလ့က်င့္သင္ၾကားတာေတြနဲ႔ ၿပဳိင္ပြဲေတြ ယွဥ္ၿပိဳင္ရဖုိ႔ စီစဥ္ေပးသြားဖုိ႔ရွိတယ္လို႔ ေျပာပါတယ္။

Soundbite – ဖုိးေသာ္ (TEAM PT) MMA Fighter

MMA Fighter ဖိုးေသာ္ဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာသက္သာေပ်ာက္ကင္းသြားၿပီးျဖစ္တာေၾကာင့္ ေလ့က်င့္ခန္းေတြ ျပန္လည္ ျပဳလုပ္ေနၿပီး မၾကာခင္ က်င္းပမယ့္ ONE Championship ၿပိဳင္ပြဲအတြက္ ျပည္ပမွာ ေလ့က်င့္ခန္းေတြျပဳလုပ္သြားဖုိ႔ရွိေနပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ် MMA အားကစားသမားတွေကို နိုင်ငံတကာကသင်တန်းတွေ တက်ရောက်နိုင်ဖို့ MMA Team က ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုထောက် MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပါ တယ်။

ပြည်တွင်းက အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ် MMA အားကစားသမားတွေကို နိုင်ငံတကာကသင်တန်းတွေ တက်ရောက်နိုင်ဖို့ အကူအညီပေးသွားမယ်လို့ MMA Team ရဲ့ အဖွဲ့ခေါင်းဆောင် ဖိုးသော်က ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ Junction City Office Tower မှာ MMA Fighter ဖိုးသော်နဲ့ ရှေ့နေကုမ္ပဏီ VDB Loi Myanmar တို့ စပွန်ဆာစာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားမှာ အခုလို ပြောခဲ့တာပါ။

Soundbite – ဖိုးသော် (Team PT) MMA Fighter

ဒါ့အပြင် ဝါသနာပါတဲ့ အနာဂတ် လူငယ်အားကစားသမားတွေကို တတ်စွမ်းသရွေ့ ကူညီပေးသွားမယ့်အပြင် ပရော်ဖက်ရှင်နယ်ဖြစ်ချင်တဲ့ MMA လူငယ်အားကစားသမားတွေကို လေ့ကျင့်သင်ကြားတာတွေနဲ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရဖို့ စီစဉ်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

Soundbite – ဖိုးသော် (TEAM PT) MMA Fighter

MMA Fighter ဖိုးသော်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာသက်သာပျောက်ကင်းသွားပြီးဖြစ်တာကြောင့် လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နေပြီး မကြာခင် ကျင်းပမယ့် ONE Championship ပြိုင်ပွဲအတွက် ပြည်ပမှာ လေ့ကျင့်ခန်းတွေပြုလုပ်သွားဖို့ရှိနေပါတယ် ခင်ဗျာ။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)